
ကမ္ဘာ့ ဘယ်တိုင်းပြည်တွေမှာမဆို နှစ်သစ်ကူးနေ့ (New Year's Day) ရောက်ပြီ ဆိုရင် လူငယ်အများစုဟာ ပျော်ပွဲ ရွှင်ပွဲတွေ ဆင်နွှဲ ဖို့အတွက် လမ်းမတွေပေါ် ထွက်လာ ကြလေ့ရှိ ပါတယ်။ အပျော်အပါး မက်ကြသူတွေပီပီ ပျော်ပါး ခြင်းရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကို သူတို့ခေါင်းထဲလုံးဝ ထည့်စဉ်းစား ဟန်မရှိပါ ဘူး။ အခု ဒီဖြစ်ရပ်လေးကတော့ နှစ်သစ်ကူးနေ့ရောက်တိုင်း ဆင်ခြင်တုံ တရား ကင်းမဲ့ပြီး အပျော်အပါး နောက် လိုက်လိုတဲ့ လူငယ်တွေကို အလေးအနက်ထား သတိပေးလိုက်သလိုပါပဲ။
ပြီးခဲ့တဲ့ ၂၀ဝ၉ ခုနှစ် အကုန် ၂၀၁၀ နှစ် သစ်ကူးနေ့တုန်းက York တက္ကသိုလ်ကျောင်းသား ဂျက်မာတင်ဒဲလ် ၂၂ နှစ်ဟာ သူငယ်ချင်းတွေနဲ့အတူ လန်ဒန်မြို့ လမ်းမတစ်နေရာ နှစ်သစ်ကူးအခါသမယအတွက် ပျော်ပွဲ ရွှင်ပွဲတွေ ဆင်နွှဲ ပြီး အပျော်လွန် နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ပလက်ဖောင်း ပေါ်ရှိနေတဲ့ သူတို့အဖွဲ့ကို အရှိန်အဟုန်ပြင်းပြင်း နဲ့ မောင်းနှင်လာတဲ့ ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် ဂျက်ရဲ့ သူငယ်ချင်းနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သလို ဂျက်ဟာလည်း ဦးခေါင်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။ ဒဏ်ရာဘယ်လောက်ထိ ဆိုးရွားသလဲဆိုရင် သူ့ရဲ့ ဦးခေါင်းခွံဟာ အစိတ်စိတ်အမွှာမွှာ ကျိုး ကြေသွား ခဲ့ပါသတဲ့။ အဲဒါကြောင့် Royal London ဆေးရုံမှာ ၁၅ နာရီကြာမြင့် တဲ့ အရေး ပေါ်ခွဲစိတ်ကုသမှုတစ်ရပ်ခံယူခဲ့ရပြီး တစ်စစီ ကျိုးကြေနေတဲ့ ဦးခေါင်းခွံကို ပြန်လည်ပြုပြင် ဖို့အတွက် တိုက်တေနီယံသတ္တုပြား ၉ ခုနဲ့ ဝက်အူ ၃၃ လုံး အသုံးပြုခဲ့ရပါတယ်။ အခုဆို ရင်အံ့ဩဖွယ်ကောင်း လောက်အောင် ပြန်လည် သက်သာလာပြီဖြစ်တာကြောင့် ကျောင်းသွား နိုင်ပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျက်ဟာ ဒဏ်ရာကြောင့် ၃ လသတိမေ့နေခဲ့ပြီး ခွဲစိတ် ကုသပြီးအချိန်မှာလည်း အပြည့်အဝသက်သာလာဖို့ ဦးနှောက် အာရုံ ကြော ပြန်လည်ထူထောင်ရေး စင်တာမှာနောက်ထပ် ၉ လလောက် အနား ယူခဲ့ရပါသေးတယ်။ ယာဉ်မောင်း ကိုတော့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။

No comments:
Post a Comment