
သစ်တောများ ပြုန်းတီး လာခြင်းသည် တစ်ကမ္ဘာလုံး သုံးစွဲနေသော မြေအောက်ရေ ၇၄ ရာခိုင်နှုန်းကို ထိခိုက်လာ နိုင်ကြောင်းနှင့် သစ်တောများမှာ ရေသံသရာ လည်ပတ်ရာတွင် အရေးပါ ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးစည်သူလွင်က ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ကျင်းပသော ဟောပြောပွဲတွင် ပြောကြား သည်။ သစ်တောများသည် မြစ်ချောင်း၊ အင်းအိုင်များ၏ ရေဝေရေလဲစနစ်တွင် အဓိကနေရာမှ ပါဝင်ကြောင်း၊ မိုးရေများ ကို သစ်တောများမှစုပ်ယူပြီး ခြောက်သွေ့သော နွေနှင့် ဆောင်းရာသီတို့တွင် မြစ်ချောင်းများ အတွင်း ပြန်လည်စီး ဝင်စေကြောင်း၊ ထို့ကြောင့် သစ်တောများမှ သုံးစွဲနိုင်သော မြေအောက်ရေများကို စုဆောင်း ထိန်းသိမ်း ထားကြောင်း၊ ကမ္ဘာ့လူဦးရေ၏ ၇၄ ရာခိုင်နှုန်းသည် မြေအောက်ရေကို အဓိက ထားသုံးစွဲနေရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ၏ စစ်တမ်းတစ်စောင်တွင် ဖော်ပြ ထားကြောင်း၊ မြေအောက် ရေလျော့နည်း လာရခြင်းများသည် သစ်တောများ အပေါ်မူတည် လျက်ရှိကြောင်း ၎င်းကဆိုသည်။
တစ်ကမ္ဘာလုံးရှိ သစ်တောဧရိယာများအနက် ယခင်နှစ်ခန့်မှန်းခြေများအရ တစ်နှစ်လျှင် သစ်တော ဧကပေါင်း ၅၄၄,ဝ၀ဝကျော် ပျက်စီးလျက်ရှိကြောင်း၊ တရားမဝင် သစ်ခုတ်ခြင်း၊ သစ်ထုတ်ခြင်း၊ လယ်ယာမြေများချဲ့ထွင်ခြင်း စသည် တို့ကြောင့် သစ်တောများသည် နှစ်စဉ်ပြုန်းတီး ခြောက်သွေ့ လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၇ ရာခိုင်နှုန်း သာ ကျန်ရှိကြောင်း ဂေဟ စနစ် ထိန်းသိမ်းရေးနှင့် ပြည်သူ့အစု အဖွဲ့ဖွံ့ဖြိုးရေးအသင်း (ECCDI) ဥက္ကဋ္ဌ ဦးကျော်တင့်က ပြောကြားသည်။ “အရင်က ပုပ္ပားတောင်ဆို တောင် ကတုံးပဲရှိ တယ်။ ဒီမြစ်ကြီးနားက အန်ခိုင်ဘုံးတောင်ဆိုလည်း ဒုတိယ ပုပ္ပားပဲ။ သစ်တော တွေရှိမှ မြေအောက်ရေကို ထိန်းသိမ်း ပေးနိုင်မှာ။ သစ်တောမရှိလို့ကတော့ အဲဒီဒေသလည်း ကန္တာရဖြစ်မှာပဲ။ အခုဆိုရင် တော့ ပြန်ပြီးစိုက်လို့ စိုပြည်တဲ့ဒေသတွေ စိုပြည်နေပါပြီ” ဟု သစ်တောပညာရှင် ဦးအုန်းက ဆိုသည်။

No comments:
Post a Comment