Wednesday, November 9, 2011

နာတာရှည် ကျောက်ကပ် ရောဂါနှင့် စိတ်ဓာတ်ကျခြင်း

နာတာရှည် ကျောက်ကပ်ရောဂါရှိသူ ၅ ယောက်မှာ ၁ ယောက်က စိတ်ကျရောဂါ ခံစားနေရတယ်လို့ သုတေသနပြု သူတွေက ပြောကြားခဲ့ပါတယ်။ ဒီလေ့လာချက်ကို အမေရိကန် ပြည်ထောင်စု၊ ကျောက်ကပ်ရောဂါဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပြီး ဆီးချိုသွေးချိုရှိတဲ့ ကျောက်ကပ်ရောဂါ ရှင်တွေဟာ ဆီးချိုသွေးချိုမရှိသူတွေထက် နှစ်ဆ ပို၍ စိတ်ကျရောဂါဖြစ်ပွားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ တက္ကဆပ်တက္ကသိုလ်မှ လေ့လာသူ တွေက နာတာရှည်ကျောက်ကပ် ဝေဒနာရှင် ၂၇၂ ဦးအား မေးခွန်းများ မေးမြန်းခဲ့ရာ ၅၇ ဦးက ယခုလောလောဆယ်မှာပင် စိတ်ဓာတ်ကျခြင်း ဖြစ်ရပ် ဖြစ်ပွားခံစားနေရတယ်လို့ ဖြေကြားခဲ့ပါ တယ်။ လေ့လာသူ ခေါင်းဆောင် Dr. Susan က “ကျောက်ကပ်ဝေဒနာရှင်တွေရဲ့ စိတ်ကျခြင်း ၂၁ ရာခိုင်နှုန်းဟာ ဆီးချိုသွေးချိုနှင့် နှလုံးသွေး ကြောဆိုင်ရာ အခြေအနေများနှင့် ဆက်စပ်နေ တယ်၊ တစ်လှည့်စီပါပဲ၊ စိတ်ကျရောဂါ ခံစားရတဲ့ ဆီးချိုသွေးချိုရောဂါရှင်တွေမှာလည်း ကျောက်ကပ် ရောဂါ ဖြစ်ပွားခံစားလာရနိုင်တယ်”လို့ပြောကြား ခဲ့ပါတယ်

No comments:

Post a Comment

 

Sample text

Sample Text

Sample Text