Sunday, November 6, 2011

အက်စပရင် နေ့စဉ်သောက်လျှင် ကင်ဆာ အမြစ်ဖြတ် နိုင်ကြောင်း ဗြိတိသျှ သုတေသီများ တွေ့ရှိ

အက်စပရင်
အကိုက်အခဲ ပျောက်ဆေး ဖြစ်သော အက်စပရင်ကို ပုံမှန် သောက်ခြင်းဖြင့် နာတာရှည် ကင်ဆာ ရောဂါဖြစ်ပွားမှု လျော့ကျ စေနိုင်ခြင်းကို တွေ့ရှိခဲ့သည်ဟု ဗြိတိသျှ ဆေး သိပ္ပံ သုတေသီများက အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကြေညာ ခဲ့ကြသည်။ ကင်ဆာ ရောဂါ ဖြစ်ပွားဖူးသည့် မျိုးနွယ်မှ ဆင်းသက်လာ သူများအနက် ၆ဝ ရာခိုင်နှုန်းကို ရောဂါလျော့ကျ အမြစ်ဖြတ် နိုင်ကြောင်း နိုင်ငံ ၁၆ နိုင်ငံကို ကိုယ်စားပြု လေ့လာခဲ့ကြသော ဆေးသုတေသန အဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လူနာ ၈၆၁ ဦးအားနေ့စဉ် အက်စပရင်ဆေးပြား ၂ လုံးကို ပုံမှန် ၂ နှစ်တာ တိုက်ကျွေးပြီး သုတေသန ပြုခဲ့ရာတွင် အူမကြီး ကင်ဆာဖြစ်ကြသူ၏ ၆၃ ရာခိုင်နှုန်း ကို လျော့ကျ သွားကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ တွေ့ရှိသည့် ဆေးသုတေသနအဖွဲ့ ခေါင်းဆောင်မှာ နယူးကာဆယ် တက္ကသိုလ် ပါမောက္ခဂျွန်ဘန်း (John Burn)ဖြစ်သည်။ ဤသို့တွေ့ ရှိခဲ့ခြင်းသည် နှစ် ၃ဝ အတွင်း ကင်ဆာရောဂါ ၁ဝဝဝဝ ခန့်ကို တားဆီးကာကွယ် နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ The Lancetဆေးသိပ္ပံဂျာနယ်တွင် ဖေါ်ပြချက်အရ အူမကြီး ကင်ဆာရောဂါ ၁၉ မျိုးအုပ်စုကို ၄၄ ရာခိုင်နှုန်းအထိ ပျောက်ကင်း သွားကြောင်း ၂ဝ၁ဝ တွင်တွေ့ရှိခဲ့ ကြခြင်းဖြစ်သည်။ အက်စပရင် အနည်းငယ် သောက်သုံးသူတို့မှာမူ နှလုံးရောဂါဖြစ်ပွားမှု လျော့ကျ လာကြောင်း သိရသည်။
”အက်စပရင်ဟာ မကြာခင်ကာလမှာ ကင်ဆာရောဂါ ကာကွယ်ဆေးအဖြစ် အဓိက ဖြစ်လာမှာပါ”ဟု ဒေါက်တာ ဆာဂျွန်ဘန်းက ပြောသည်။ ၄င်းတို့၏ သုတေ သနပြုချက်များအရ ထိုရောဂါဖြစ်ပွားသူမှာ ၂ဝဝ၇ တွင် လူပေါင်း ၂၉၈ဝဝဝ ရှိခဲ့ပြီး ၂ဝ၃ဝ အရောက်တွင် ၄၃၂ဝဝဝ ထိရှိလာမည်ဟု မှန်းဆထားကြသည်။ အများအားဖြင့် သက်ကြီးများ ပိုမိုဖြစ်လာနေကြောင်း တွေ့ရှိရသည်။ ကြောက်စရာ ကောင်းလှသော အရေပြားကင်ဆာ ဖြစ်ပွားမှုမှာလည်း အမြင့်ဆုံးသို့ ရောက်နေပြီး ယခင်ကထက် ၅၂ ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း သိရှိရ သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text