
မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ၀င်ရောက်မှု တိုးတက်ခြင်း တွင် ဆိုက်ရောက် ဗီဇာပေးမှုသည် အဓိက အချက် ဖြစ်နေပြီး မကြာမီတွင် ဆိုက်ရောက်ဗီဇာပေးမှု တိုးချဲ့တော့ မည်ဖြစ်သည့် အတွက် ခရီးသွားဝင်ရောက်မှု ယခုထက် တိုးတက်လာရန် မျှော်လင့်မှုများရှိနေကြောင်း ခရီးသွားလုပ်ငန်းနယ်ပယ်မှ သတင်းရရှိပါသည်။ ''ဆိုက်ရောက်ဗီဇာပေးတာကတော့ ခရီးသွားလုပ်ငန်း သိသိသာသာတိုးတက်ဖို့ အဓိကပဲ။ ဆိုက်ရောက်ဗီဇာပေးတုန်းက လုပ်ငန်းတိုးတက်ခဲ့တာ သိသာတယ်။ အခု မကြာခင်မှာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုတို့က ၀င်လာတဲ့ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာပေး တော့မယ်။ တိုက်ရိုက်လေကြောင်းရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘော ဒီးယားတို့က ခရီးသွားတွေ တိုးတက်လာနိုင်တယ်''ဟု မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားသည်။
လက်ရှိတွင် ခရီးသွားကုမ္ပဏီများသည် ကုမ္ပဏီတို့အစီအစဉ်ဖြင့် လာရောက်မည့် မြန်မာသံရုံး မရှိသောနိုင်ငံများမှ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာများကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားသည့် စနစ်ကို အသုံးပြုလျက်ရှိသည်။ ယင်းစနစ်မှာ ၂၀၁၀ ပြည့်နှစ် မေလဆန်းမတိုင်မီအထိ အသုံးပြုခဲ့သောစနစ်ဖြစ်ပြီး မေလဆန်းတွင်မူ ကြိုတင်စီစဉ်ရန် မလိုသည့်ဆိုက် ရောက်ဗီဇာများကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ထုတ်ပေးခဲ့သည်။ ထို့နောက် ၂၀၁၀ပြည့်နှစ် စက်တင်ဘာလမှစတင်၍ ဆိုက်ရောက်ထုတ်ပေးမှုကို ခေတ္တရပ်ဆိုင်းခဲ့သည်။
''အခုလက်ရှိတော့ MAI လေကြောင်းလိုင်းအနေနဲ့တော့ ကွမ်ကျိုး၊ ဆီယမ်ရိ၊ ဖနွမ်းပင်မြို့သုံးမြို့က ၀င်ရောက်တဲ့ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ပေးနေပါတယ်'' ဟု MAI မှ Marketing Manager မအေးမရသာက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုတွင် အာရှခရီးသွားက အခြားသောခရီးသွားများထက် ပိုမိုပြီး အာရှနိုင်ငံများကို ဦးစားပေး၍ ဆိုက်ရောက်ဗီဇာခွင့်ပြုခြင်း၊ ၀င်ရောက်မှုအများဆုံး အာရှခရီးသွားဖြစ်သော ထိုင်းခရီးသွား များအား ဆိုက်ရောက်ဗီဇာပေးခြင်းတို့ လိုအပ် နေဆဲဖြစ်သည်ဟု သိရှိရသည်။

No comments:
Post a Comment