Sunday, November 27, 2011

ရေငွေ့သုံး မြန်မာ့ ပထမဆုံး လျှပ်ပြေး ရေယာဉ် ရက်ပိုင်းတွင်း စမ်းသပ် ပြေးဆွဲမည်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ရေဓာတ်ငွေ့ (WaterGas) ကို အသုံးပြုသော လျှပ်ပြေး ရေယာဉ်ကို နိုဝင်ဘာ လကုန်တွင် ရန်ကုန်မြို့မှ မိုင် တစ်ရာ့ခုနှစ်ဆယ်ခန့် ကွာဝေးသော ဘိုကလေးမြို့သို့ စတင်စမ်းသပ် ပြေးဆွဲနိုင်ရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ စီမံကိန်းကို လုပ်ကိုင်နေသူ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်က နိုဝင်ဘာ ၂၁ တွင် အတည်ပြု ပြောကြားသည်။
လျှပ်ပြေးရေယာဉ် အင်ဂျင်ကို ရေထဲတွင် ပါဝင်သော ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ကို ဓါတ်ခွဲပြီး ထွက်ရှိလာသော ရေဓါတ်ငွေ့အား ဓါတ်ဆီ သို့မဟုတ် ဒီဇယ် အင်ဂျင်တွင် ထည့်သွင်းကာ အင်ဂျင် လည်ပတ်စေခြင်းဖြင့် စက်ကို မောင်းနှင်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
" ဒီလို ရေယာဉ်မျိုး အမြောက်အမြား ထုတ်လုပ်နိုင်မယ် ဆိုရင်တော့ သယ်ယူ ပို့ဆောင်စရိတ် ကျသွားနိုင်တယ် " ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဝင် တစ်ဦးက ပြောကြားသည်။
ရေဓာတ်ငွေ့ ဆိုသည်မှာ ရေမော်လီကျူးတွင် ပါဝင်နေသော အောက်စီဂျင် အက်တမ်နှင့် ဟိုက်ဒိုဂျင် အက်တမ်တို့အား HHO GAS အဖြစ် ရေကို ဓါတ်ခွဲယူခြင်း ဖြစ်သည်။
အဆိုပါ ရေယာဉ်အင်ဂျင်တွင် ရေဓါတ်ငွေ့ သုံးဆယ် ရာခိုင်နှုန်း ပါဝင်ပြီး ကျန် ခုနှစ်ဆယ် ရာခိုင်နှုန်းမှာ ဓါတ်ဆီ သို့မဟုတ် ဒီဇယ်ကို ထည့်သွင်းပြီး မောင်းနှင်ခြင်း ဖြစ်ကြောင်း၊ ရေဓါတ်ငွေ့ အသုံးပြုခြင်းနှင့် ပတ်သတ်၍ ဦးကျော်ကျော်က ထပ်မံ ရှင်းပြသည်။ #အဆိုပါ ရေယာဉ်များကို စမ်းသပ်ဆဲ ကာလ ဖြစ်သောကြောင့် ခရီးသည်များ လောလောဆယ် လိုက်ပါနိုင်ရန် မဖြစ်နိုင် သေးကြောင်း၊ ယခု လောလောဆယ်တွင် ဘိုကလေး၊ ရန်ကုန်၊ သီလဝါ ၊ အောင်ဇေယျ စသည့် ခရီးစဉ်များကို အင်ဂျင်နီယာများ ဖြင့်သာ စမ်းသပ် ပြေးဆွဲရန် စီစဉ်လျက် ရှိကြောင်း အဆိုပါ ရေယာဉ်၏ ရေကြောင်း သယ်ယူ ပို့ဆောင်မှုကို ဝန်ဆောင်မှု ပေးနေသော ရွေမြန်မာ နဂါးမှ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာ ၂၂ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။
ယခု လောလောဆယ်တွင် အဆိုပါ စမ်းသပ်မှုသာ အောင်မြင်သွားပါက ဆီစားနှုန်း သုံးဆယ်ရာခိုင်နှုန်း လျော့ကျသွား နိုင်ကြောင်း ရေဓာတ်ငွေ့သုံး စနစ်ကို စမ်းသပ်နေသူ အင်ဂျင်နီယာ တစ်ဦးက နည်းပညာနှင့် ပတ်သက်၍ ရှင်းပြသည်။
အဆိုပါ ရေငွေ့သုံး ရေယာဉ်ကို ၂၀၀၈ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် စမ်းသပ် အသုံးပြုလျှက် ရှိပြီး ကမ္ဘာပေါ်ရှိ #စက်မှု ထွန်းကားသည့် ဂျာမနီ၊ အမေရိကန် ပြည်ထောင်စု တို့တွင်မူ လွန်ခဲ့သော နှစ်ပေါင်း ၉ဝ ခန့်ကပင် စတင် စမ်းသပ် အသုံးပြုခဲ့ပြီး ဖြစ်သည်။ #မြန်မာနိုင်ငံတွင် ကြတ်ဆူပင်မှ ဇီဝလောင်စာ အစားထိုး အသုံးပြုမည့် စီမံကိန်းကို ၂၀၀၅ ခုနှစ် ဝန်းကျင်က တစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် စိုက်ပျိုး လုပ်ကိုင် ခဲ့သော်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သော အဆင့်အထိ မရောက်ရှိ ခဲ့သော်လည်း ကြက်ဆူပင်များကိုမူ တစ်နိုင်ငံလုံး အနှံ့ ကျပ်ငွေ သိန်းထောင်သောင်းချီ အကုန်အကျခံ စိုက်ပျိုးထားပြီး ဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text