အဆိုပါ ခွဲစိတ်ကုသမှုကို မတ်လကုန်ပိုင်းက စပိန်နိုင်ငံမြောက်ပိုင်း Barcelona မြို့တော်ရှိ Vall d’Hebron Hospital တွင် အဖွဲ့ဝင် ၃၀ ပါဝင်သော သမားတော်အဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လူနာမှာ လွန်ခဲ့သော ၅နှစ်ခန့်က အသက် ၃၀ အရွယ်တွင် မတော်တဆမှု တစ်ခုကြောင့် မျက်နှာအောက်ပိုင်း တစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။ ထိုထိခိုက်မှုကြောင့် လူနာမှာ အသက်ရှုရန် အောက်ဆီဂျင်ပိုက်နှင့် အစာစားရန် အစာပိုက်လိုင်းများကိုသာ အသုံးပြုနိုင်တော့သည်။ ယင်း အစားထိုး ခွဲစိတ်ကုသမှုမှာ အလွန်ခက်ခဲသောအနေအထားဖြစ်ပြီး အချိန် ၂၄ နာရီခန့် ကြာမြင့်ခဲ့ကြောင်း ကုသရေး သမားတော် အဖွဲ့ခေါင်းဆောင် Joan Pere Barret မှပြောကြားသည်။

ခွဲစိတ်ကုသနေစဉ်အတွင်း ဆရာဝန်များသည် မျက်နှာအလှူရှင်ထံမှ မေးရိုး ၊ နှာခေါင်း၊ ပါးပြင် နှင့် မျက်လုံးပေါက်များ ပါဝင်သော အစိတ်အပိုင်းများကို ရယူကြရသည်။ ထို့အပြင် အလှူရှင်၏ မျက်နှာမှ တစ်ရှုးအသားစများ ၊ မျက်နှာကြွက်သားများ ၊ သွေးကြေားနှင့် အာရုံကြောများကိုလည်းရယူရကြောင်း။ တစ်ချိန်တည်းမှာပင် လက်ခံမည့်လူနာ၏ ကိုယ်ခံအားစနစ်မှ အစားထိုးခြင်းကို တွန်းလှန်ခြင်းမပြုနိုင်ရန် ပြုလုပ်ကြရကြောင်း ၊ ထို့နောက် ပျက်စီးနေသော မျက်နှာပြင်ရှိ အစိတ်အပိုင်းများကို ဖယ်ထုတ်ရကြောင်း ၊ လူနာမှာ ကျန်းမာရေးကောင်းမွန်၍ ခွဲစိတ်ကုသခြင်း၏ ခက်ခဲသောအခြေအနေများကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်ကြောင်း Joan Pere Barret က ပြောကြားပါသည်။ ထို့နောက် ခွဲစိတ်ကုသရေး အဖွဲ့သည် အလှူရှင်၏ မျက်နှာအား လက်ခံမည့်လူနာသို့ ပင်မလည်သွေးပြန်ကြော ၄ ခုအပါအဝင် မျက်နှာကြွက်သားများသို့ သွေးလွှတ်သော သွေးလွှတ်ကြောများအားလုံး ဆက်သွယ်ပေးခြင်းဖြင့် မျက်နှာပြောင်းလဲ တပ်ဆင်ပေးခဲ့ကြောင်း သိရပါသည်။
အစားထိုးခွဲစိတ်ခြင်း ပြုလုပ်၍ တစ်ပါတ်ကြာပြီးနောက် လူနာက မှန်ကြည့်ခွင့်တောင်းဆိုခဲ့ပြီး မိမိတွေ့မြင်ရသည့်မျက်နှာအား ကျေနပ်အားရမှုရှိကြောင်း မိဒီယာများက ဖော်ပြခဲ့ကြသည်။ ခွဲစိတ်ကုသမှုကြောင့် လူနာ၏ ဆံစပ်တစ်လျောက်၊ နားရွက် နှင့် မေးရိုးအောက်နားစသည့် မျက်နှာတစ်လျောက် အမာရွှတ်တစ်ခုကျန်ရှိခဲ့သည်။ သူကတစ်ကယ့်ကို လူအသစ်တစ်ယောက် ဖြစ်သွားတာပါ ဟု Barret ကပြောသည်။ ထိုမျက်နှာအသစ်သည် အလှူရှင်ရော လက်ခံသည့်လူနာ နှစ်ဦးစလုံးနှင့် ဆင်တူသည်ဟုဆိုသည်။
လူနာမှာကောင်းမွန်စွာ ကျန်းမာလာပြီး ဖြစ်သော်လည်း ၂ လခန့်စောင့်ကြည့်ရန်လိုသေးကြောင်း ၊ လက်ရှိအချိန်တွင် မိမိဘာသာ အစားအသောက်များ မစားသောက်နိုင်သေးသည့်အပြင် အသက်ရှုရာတွင်လည်း အကူအညီများယူနေရသေးကြောင်း ။ မိမိဘာသာ အသက်ရှုနိုင် ၊ စကားပြောနိုင် ၊ ပြုံးနိုင်သည့် အခြေအနေသို့ ပြန်လည်းရောက်ရှိရန် မျှော်လင့်ထားကြောင်းသိရသည်


No comments:
Post a Comment