
တူရကီငလျင်ဘေးမှ ကယ်တင်နိုင်ခဲ့သည့် ရက်သတ္တ နှစ်ပတ်သားအရွယ် သမီးငယ်လေး။
ဓာတ်ပုံ - အေအက်ဖ်ပီ
၎င်းမိသားစုသုံးဦး စိုးရိမ်ထိတ်လန့် ခြင်း ကင်းစွာဖြင့် အေးချမ်းစွာ နေနိုင်ရေး အစောင့်အရှောက်များဖြင့် သေချာစွာ စောင့်ရှောက်ထား သည်ဟုဆိုသည်။
"လူတစ်ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်တာဟာ ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့အရာပါ။ အထူးသဖြင့် ဒီ ၁၆ ရက်သာရှိသေးတဲ့ ကလေးလေးအတွက်ပေါ့။ ကျွန်တော်တို့ ကယ် ဆယ်ရေးသမားတွေ ပင်ပန်းရကျိုး နပ်ပါတယ်" ဟု ငလျင် လှုပ်သည့်နေရာသို့ တူရကီအနောက်ပိုင်းရှိ အစ်ဇ်မီယာ မြို့မှ ၃၂ နာရီကြာ ခရီးနှင်ကာ ရောက်ရှိခဲ့ သည့် ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် အွိုင်တန်ဂူပီနားက ပြောသည်။
ကယ်ဆယ်ရေးအဖွဲ့မှ အငယ်ဆုံး အဖွဲ့ဝင်တစ်ဦးက မိခင်ဖြစ်သူ၏ ပေါင်ပေါ်တွင်ရှိနေသည့် သမီးငယ်လေး အက်ဇ်ရာကို အုတ်အကျိုးအပဲ့များကို သတိကြီးစွာဖြင့် ဖယ်ရှားပြီးမှ ကယ်တင် နိုင်ခဲ့ခြင်းဖြစ်သည်။
ငလျင်လှုပ်ပြီး ၅၄ နာရီကျော် ကြာပြီးနောက် ဗင်မြို့ လယ်ကောင်ရှိ အိမ်တစ်အိမ်မှ ဆာဟက် ဂူးလ်ဆိုသူဆယ်နှစ်သား ကလေးလေး တစ်ဦးကို ခုနစ်ထပ်အဆောက်အအုံ၏ အပျက်အစီးများကြားမှ ထပ်မံကယ်တင် နိုင်ခဲ့ကြောင်း ရုပ်မြင်သံကြားသတင်း များအရ သိရသည်။
စောစောပိုင်းတွင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက ညအချိန်တွင် မီးများထိုးပြီး အနံ့ခံခွေးများဖြင့် ရှာဖွေခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ ရင်သွေးနှစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်းနှင့် လခြမ်းနီအသင်းမှ ပြောရေး ဆိုခွင့်ရှိသူ ဂျက်ဆီကာဆယ်လာဘင့်ခ် ဆိုသူ အမျိုးသမီး၏ ပြောကြားချက် အရ ငလျင်ဒဏ်ကြောင့် အဆောက် အအုံ တိုက်ခန်းပေါင်း ၂,၂၅၆ ခန်း၊ သေဆုံးသူ ၄၅၉ ဦးနှင့်ဒဏ်ရာရရှိသူ ၁,၃၅၀ ရှိနေပြီဖြစ်ပြီး အပျက်အစီးများ ကြားတွင် လူပေါင်းရာချီပြီး ကယ်ဆယ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ရဲတပ်ဖွဲ့ကလည်း အနံ့မွှန်သည့် ဂက်စ်များဖြင့် အုံကြွနေသည့် လူအုပ် ကြီးကို လူစုခွဲခဲ့သော်လည်း ပျက်စီးသွားသည့် စစ်တန်းလျား များကိုသာ အဓိက ဦးစားပေးပြီး ကယ်ဆယ်ရေးလုပ်သင့်သည်ဟု အသက်ရှင် ကျန်ရစ်သူများကြားတွင် မကျေမနပ် ပြောဆိုသံ များထွက် ပေါ်နေဆဲဖြစ်သည်ဟု ဆိုသည်။
ဗင်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက်ရှိ အကျဉ်း ထောင်မှ အကျဉ်းသားများကလည်း ဆွေမျိုးများ၏ ပြောပြချက်ကြောင့် ၎င်းတို့အား ငလျင်ဒဏ်မှ ဝေးရာ နေရာသို့ ပြောင်းရွှေ့ပေးရန် စောင်များ ကို မီးရှို့ပြီး တောင်းဆိုခဲ့ကြသည်။
အာဆစ်မြို့ ဘောလုံးကစားကွင်း တွင် ရွက်ဖျင်တဲများထိုးပေးပြီး အားကစား ရုံကိုမူ ဆေးရုံအဖြစ် ယာယီအသုံးပြုကာ သွေးလှူ ဒါန်းသည့် အဖွဲ့ပေါင်း ရာနှင့်ချီကာ ဒုက္ခသည်များကို သွေးများ လှူဒါန်းခဲ့ကြောင်း သိရသည်။
တူရကီအစိုးရက မြို့နယ် ၄၅ မြို့နယ်မှ ကယ်ဆယ်ရေးအဖွဲ့များနှင့် လူနာတင် ယာဉ် ၂၀၀ ကျော် စေလွှတ်ပြီး ကယ်ဆယ် ရေးများ ပြုလုပ်နေသည်ဟုဆိုသည်။
တူရကီအစိုးရက အိုးအိမ်မဲ့ သွားသည့် ဒုက္ခသည်များအတွက် အမိုးပါသည့် စခန်းချလှည်းအမျိုးအစားများ ကူညီ ပေးရန် အစ္စရေးနိုင်ငံကို တောင်းဆို ထားကြောင်း အစ္စရေးအစိုးရက အင်္ဂါ နေ့တွင် ပြောကြားပြီး ဂျူးအစိုးရက လည်း ပထမတန်းစား ရွေ့လျားအိမ်များ ကူညီပေးမည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားသည်။
တူရကီ အစ္စလာမ်ကြက်ခြေနီအသင်း က ဒုက္ခသည်များအတွက် ရွက်ဖျင်တဲ ၇,၅၀၀၊ စောင်၂၂,၀၀၀၊ အပူပေးစက် ၄,၀၀၀ ခန့်နှင့် လူဝင်အိပ်နိုင်သည့် အိတ် အလုံးရေ ၁၀၀ ထောက်ပံ့ထား ကြောင်း သိရသည်။

No comments:
Post a Comment