ဝါရှင်တန်- ကမ္ဘာတစ်ဝန်း တွေ့နိုင် သည့် အရေပြားကင်ဆာဖြစ်ခြင်းကို ကော်ဖီသောက်ခြင်းသည် အထူးသဖြင့် အမျိုးသမီး သောက်သုံးသူများအတွက် အကာအကွယ်ပေးသည့် အထောက် အထားများ ပိုမိုရရှိလာကြောင်း အဓိက ကျသည့် အမေရိကန် ဆေးဘက်ဆိုင်ရာ ကွန်ဖရင့်၌ အောက်တိုဘာလ ၂၄ ရက်က ထုတ်ဖော်ခဲ့သည်။
ကဖင်းဓာတ်ပါသည့် ကော်ဖီကို တစ်နေ့သုံးခွက်အထက် သောက်သည့် အမျိုးသမီးများသည် တစ်လလျှင် တစ်ခွက်မျှပင် မသောက်သူများနှင့် နှိုင်းယှဉ်လျှင် တဖြည်းဖြည်းကြီးထွား လာတတ်သည့် ကင်ဆာ (ဘီစီစီ)ရောဂါ မျိုးဖြစ်ရန် ၂၀ ရာခိုင်နှုန်း ပိုနည်းကြောင်း တွေ့ရှိရသည်။
အလားတူ ကော်ဖီပမာဏ သောက်သုံး သည့် အမျိုးသားများသည် ဤကင်ဆာ ရောဂါမျိုးဖြစ်ရန် ကိုးရာခိုင်နှုန်း လျော့ နည်း သွားကြောင်း ဘော့စတွန်မြို့၌ ကျင်းပသည့် ကင်ဆာသုတေသန နိုင်ငံတကာကွန်ဖရင့်နှင့် အမေရိကန် ကင်ဆာကာကွယ်သည့် သုတေသန အသင်း၏ (၁၀) ကြိမ်မြောက် အစည်း အဝေး၌ တင်ပြသည့် သုတေသန စာတမ်းအရ သိရသည်။
အမေရိကန်နိုင်ငံ၌ နှစ်စဉ် ဘီစီစီ ကင်ဆာရောဂါ ဝေဒနာရှင် တစ်သန်း ခန့် စမ်းသပ်တွေ့ရှိရာတွင် နေ့စဉ် စားသုံးသည့် အစား အစာများတွင် ကာကွယ်မှုများ မည်မျှပင်သေးသော် လည်း ပြည်သူများ၏ ကျန်းမာရေး၌ များစွာထိရောက်မှုရှိနိုင်ကြောင်း ဘရစ်ဂ် ဟမ်ရှိ အမျိုးသမီးဆေးရုံနှင့် ဟားဗတ် ဆေးကျောင်း၊ အရေပြားရောဂါဗေဒ ဌာနမှ ပါရဂူဘွဲ့လွန်ကျောင်းသားနှင့် သုတေသနပညာရှင် ဖင်ဂျူဆောင်းက ပြောသည်။ ဤလေ့လာတွေ့ရှိချက်က ကော်ဖီသောက်သုံးခြင်းသည် ဘီစီစီ ကင်ဆာရောဂါ ကာကွယ်ရာတွင် အရေး ကြီးသည့် ရွေးစရာအချက်ပြနေကြောင်း ဖင်ဂျူဆောင်းက ဆက်လက်ပြောသည်။
ဤအချက်အလက်များကို သူနာပြု များ ကျန်းမာရေးလေ့လာမှု (ဘရစ်ဂ် ဟမ်နှင့် အမျိုးသမီးဆေးရုံ)နှင့် ကျန်းမာ ရေးပညာရှင်များ နောက်ဆက်တွဲ လေ့လာမှု (ဟားဗတ်ပြည်သူ့ကျန်းမာ ရေးကျောင်း)တို့မှ ရရှိခြင်းဖြစ်သည်။
သူနာပြုများလေ့လာမှုသည် ၁၉၈၄ ခုနှစ်၊ ဇွန်လမှ ၂၀၀၈ ခုနှစ်၊ ဇွန်လ အထိ ပါဝင်သူ ၇၂,၉၂၁ ယောက်တို့ထံမှ ရယူခြင်းဖြစ်ပြီး ကျန်းမာရေး အတတ်ပညာရှင်များ လေ့လာမှု၌ ပါဝင် သည့် လူ ၃၉,၉၇၆ ယောက်တို့ကို ၁၉၈၆ ခုနှစ်၊ ဇွန်လမှ ၂၀၀၈ ခုနှစ်အထိ ရယူ ထားခြင်းဖြစ်သည်။
ဤလူအုပ်စုနှစ် ခုတွင် ဘီစီစီ အမျိုးအစား ကင်ဆာရောဂါ ကို အရေပြားကင်ဆာထဲ၌ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း ဝေဒနာရှင် ၂၂,၇၈၆ ယောက်ရှိခဲ့သည်။ ဘီစီစီ အမျိုးအစားအရေပြားကင်ဆာ သည် အမေရိကန်နိုင်ငံ၌ အများဆုံး တွေ့ရသည့် သမားရိုးကျ ကင်ဆာရောဂါ ဖြစ်ရာ အရေပြားကင်ဆာ ၇၅ ရာခိုင်နှုန်း သည် ဘီစီစီ အမျိုးအစားဖြစ်ကြောင်း 'ကန်' ကင်ဆာအသင်းက ပြောသည်။
ဘီစီစီ အမျိုးအစားကင်ဆာသည် ဆံပင်အရောင်ဖျော့ကာ အစိမ်း၊ သို့မဟုတ် အပြာရောင်မျက်လုံးရှိသည့် လူများတွင် အများဆုံး တွေ့ရှိရပြီး ၎င်း၏လက္ခဏာမှာ သွေးထွက်ပြီး မကျက်သည့် အရေပြား အနာမှစဖြစ်သော်လည်း ခန္ဓာကိုယ် အခြားအစိတ်အပိုင်း များသို့ ပျံ့နှံ့သွား ခြင်းမရှိပေ။
Saturday, November 5, 2011
Subscribe to:
Post Comments (Atom)

No comments:
Post a Comment