Monday, November 14, 2011

ကွန်ပျူတာ စနစ် တစ်ခုလုံး မြန်မာ စာလုံးများဖြင့် အသုံးပြုနိုင်မည့် စနစ် ဖြန့်ချိမည်

ကွန်ပျူတာ စနစ် တစ်ခုလုံး မြန်မာ စာလုံးများဖြင့် အသုံးပြုနိုင်မည့် စနစ် ဖြန့်ချိမည်
မြန်မာ ယူနီကုဒ်၏ စံနှုန်းသတ် မှတ်ချက်များကို အသုံးပြုထားပြီး ကွန်ပျူတာစနစ် တစ်ခုလုံးကို မြန်မာ စာလုံးများဖြင့် အသုံးပြု နိုင်မည့်သာလွန် မြန်မာ ကွန်ပျူတာစနစ် (Tharlon OS) ကို တရားဝင် စတင်ဖြန့်ချိ ရောင်းချတော့မည် ဖြစ်သည်။
ပထမဆုံး မြန်မာစာသုံးစက် လည်ပတ်မှုစနစ်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်ဟုဆိုသော အဆိုပါ Tharlon OS (Operation Sysetm) သည် ကွန်ပျူတာ များကို ဖွင့်ပြီးနောက် ပထမဆုံး မြင် ရမည့် iCon များနှင့် မရှိမဖြစ်အ သုံးပြုရမည့် ဆော့ဖ်ဝဲများကို မြန် မစာအညွှန်းများဖြင့် အသုံးပြုနိုင် မည်ဖြစ်သည်ဟု ယင်း၏ဝက်ဘ် ဆိုက်ဖြစ်သော www.tharlon.org တွင်ဖော်ပြထားသည်။
သာလွန် OS သည် ကွန်ပျူ တာစနစ်များတွင် အသုံးအများ ဆုံးဖြစ်နေသည့် Linux Distro တစ်ခုဖြစ်သော Ubutu OS version 10.10 ကို အခြေခံပြီး မြန်မာ မှုပြုထုတ်လုပ်ထားခြင်းဖြစ်သည် ဟုသိရသည်။ မကြာမီ ဖြန့်ချိတော့မည့် ထို သာလွန် OS သည် Beta Version အနေဖြင့် စမ်းသပ်ထုတ်ဝေခြင်း ဖြစ်ပြီး ယင်း၏ဝက်ဘ်ဆိုက်များ နှင့် ဆိုရှယ် ဆိုက်တစ်ခုဖြစ်သည့် Facebook ၏ ၄င်း စာမျက်နှာများပေါ်တွင်လည်း အခမဲ့ဒေါင်းလော့ရယူ သုံးစွဲနိုင် မည်ဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text