Friday, November 11, 2011

သဘာဝဆေးဖက်ဝင် အလှကုန် ပစ္စည်းများ

အလှအပ
လူသားများနဲ့ ယဉ်ကျေးမှုဆို တာ စတင်ဖြစ်ထွန်းလာကတည်းက လှပခြင်းနှင့် အလှကုန် ပစ္စည်းဆိုတဲ့ ခံယူချက်ဟာ တွဲဖက် ပေါ်ပေါက် လာ တာ ဖြစ်ပါတယ်။ အမျိုးသမီးများဟာ လှလှပပ လူ ကြည့်ကောင်းသော ဝတ်စားဆင်ယင် မှုတို့ကို အလွန်လိုလားကြပါတယ်။ ဒါ ကြောင့် သူတို့အား ချောမောလှပ နုပျိုတယ်လို့ထင်ရအောင် အမျိုးမျိုး သော သဘာဝ အလှကုန်ပစ္စည်းများ ကို စတင်သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။
ယနေ့ခတ် အမျိုးသမီးများအနေ နဲ့ သိပ္ပံပညာအကူအညီဖြင့် ဓာတု ဗေဒပစ္စည်းများနှင့် ပေါင်းစပ်ဖန်တီး ထုတ်လုပ်ထားသော အလှကုန်ပစ္စည်း များကိုသာ သိရှိကြပြီး သဘာဝ အလှကုန်ပစ္စည်းများအကြောင်းကို တော့ သိပ်မသိကြပါဘူး။ သဘာဝဆေးဖက်ဝင် အလှကုန် ပစ္စည်းများရဲ့ ကျန်းမာရေးအရကော အလှအပအတွက်ပါကောင်းမွန်အသုံးဝင် ပုံ၊ အကျိုးကျေးဇူးရှိပုံတို့ကို သိရှိလာတဲ့ လူတွေကတော့ အလှကုန်ပစ္စည်းဆိုရင် သဘာဝဆေးဖက်ဝင် ပစ္စည်းများဖြင့် ပြုလုပ်ထားသော ပစ္စည်းများကိုသာ သုံးစွဲကြပါတယ်။
သဘာဝ အလှကုန် ပစ္စည်းများဟာ ကမ္ဘာ့ဈေးကွက်မှာ တဖြည်းဖြည်းကြီးထွား လာလျက်ရှိ ပါတယ်။ ထိုပစ္စည်းများအား ထုတ် လုပ်သည့် နည်းပညာများဟာ ဓာတု အလှကုန်များနှင့်နှိုင်းယှဉ်လျှင် ဘေး ထွက်ဆိုးကျိုး မရှိခြင်း၊ ရှိလျှင်လည်း အလွန်နည်းခြင်း၊ ကျန်းမာရေးနှင့် ညီ ညွတ်စေခြင်းစသည့်အချက် လူအများစုရဲ့ စိတ်ဝင်စား အာရုံစိုက်မှု ရရှိနေပါတယ်။ လူသားတို့ရဲ့အလှကို ပိုမိုကောင်းမွန်စေပြီး ထိန်းသိမ်းနိုင်စွမ်း လည်းပေးနိုင်တယ်လို့ ယုံကြည်ပါ တယ်။ အရေပြားထိန်းသိမ်းပြုစုခြင်း၊ ဆံပင်အရောင်ဆိုးခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုးများပျောက် စေပြီးရနံ့မွှေးကြိုင်စေခြင်း စသည်တို့ကို သဘာဝဆေး ဖက်ဝင်ပစ္စည်းများဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text