
မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများအနက် ကြီးမားသော ဈေးကွက် ရှိနေပြီး ဂျပန်လူမျိုးများ အနေဖြင့် ရင်းနှီး မြှုပ်နှံရန် အထူးစိတ် ဝင်စားကြောင်း ဆီဒိုးနား ဟိုတယ်တွင် ယခုလ ၃၊ ၄ ရက်နေ့များတွင်ပြု လုပ်ခဲ့သည့် အာဆီယံ-ဂျပန်စီးပွား ရေး ဆွေးနွေးပွဲ AJBM တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သူ Dr. Kiyohiko Ito ကပြော ကြားသည်။
မြန်မာနိုင်ငံမှာ စီးပွား ရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေလုပ်ဖို့ စိတ်ဝင်စား တယ်။ မြန်မာလူမျိုးက သန်း ၆၀ ရှိတယ်။ ဒါကကြီးမားတဲ့ဈေးကွက် ပဲ။ အခု ဈေးကွက်စီးပွားရေးစနစ် ဖွင့်တုန်းမှာ ဂျပန်လူမျိုးတွေက မြန်မာမှာစီးပွားရေးလုပ်ဖို့ အရမ်း စိတ်ဝင်စားကြတယ်ဟု ယင်းပုဂ္ဂိုလ်က ယခုလ ၄ ရက်နေ့တွင် ပြောသည်။
ဒေါက်တာ ကီရိုမီတို၏ အဆို အရ ဂျပန် လူမျိုးများ အနေဖြင့် မြန် မာနိုင်ငံတွင် မည်သည့်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ကို အတိအကျ မသိရှိသေးကြောင်း၊ ကျန်းမာရေး ကိစ္စ၊ တည်ဆောက်ရေးကိစ္စများ တွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်းပြော ကြားသည်ဂျပန်နိုင်ငံအနေဖြင့် ယခင်က မြန်မာနိုင်ငံတွင် အာဂျီနီုမိုတို အချို မှုန့် လုပ်ငန်းလာရောက်လုပ်ကိုင်ခဲ့ သော်လည်းအရှုံးပေါ်ခဲ့သည့်အတွက် ရပ်ဆိုင်းခဲ့ရသည်။
ဂျပန်နိုင်ငံမှ လက်ရှိတွင် အထည်ချုပ်လုပ်ငန်း၌ ရင်းနှီးမြှုပ်နှံထားပြီး ကားလုပ်ငန်း တွင်လည်း ဝင်ရောက်လုပ်ကိုင်ရန် ဆန္ဒရှိနေကြောင်း အထက်ပါပုဂ္ဂိုလ် ကပြောသည်။ AJBM တွင် အဓိကဆွေးနွေး ခဲ့သည့် ကိစ္စများမှာလုံခြုံရေးနှင့် ဘေးအန္တရာယ်ကာကွယ်ရေး၊အာရှ တွင် အနာဂတ်စွမ်းအင် ပူးပေါင်း ဆောင်ရွက်ရေး၊ လူသားအရင်းအ မြစ်ဖွံ့ဖြိုးရေးနှင့် စီးပွားရေးကွပ်ကဲမှု ပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်ပြီး ၃၈ ကြိမ်မြောက်AJBM ကို ဖိလစ် ပိုင်နိုင်ငံတွင် ကျင်းပရန် သတ်မှတ် ခဲ့ကြသည်။

No comments:
Post a Comment