Friday, November 11, 2011

ခရမ်းချဉ်သီး အစိမ်း အမှည့် မရွေး ဈေးကောင်း

news
 ကုန်းပိုင်းဒေသ ခရမ်းချဉ်သီး ပေါ်ပင်ကာလ ဖြစ်ပေမယ့် ခရမ်းချဉ် အဓိက စိုက်ပျိုးတဲ့ မြစ်သား၊ စဥ့် ကိုင်၊ ကူမဲ၊ ကျောက်ဆည် ဒေသ တွေမှာ မိုးကြီး ရေလျှံ မှုများ ရှိခဲ့တဲ့ အတွက် စိုက်ခင်းများ ပျက်ဆီး ဆုံးရှုံးမှု ရှိခဲ့ကြောင်း၊ ယခု လော လောဆယ်မှာတော့ ရွှေဘိုနဲ့ တံတားဦးဒေသတွေက ခရမ်းချဉ် သီးနဲ့ ပြင်ဦးလွင်၊ နောင်ချို၊ ကန် ကြီးကုန်းဒေသတွေက ရှမ်းသီးတွေ သာ အားထားနေရကြောင်း သိရ ပါတယ်။ မြေပြန့်ဒေသတွေမှာ ခရမ်း ချဉ် စိုက်ပျိုးမှုက ဖေဖော်ဝါရီလ မှာ အများဆုံးပေါ်မှာဖြစ်ပြီး ယင်း ကာလမှာ ကျွန်းသီးလို့ ခေါ်တဲ့ ခရမ်းချဉ်သီးများ ပေါများကြောင်း သိရပါတယ်။ အခု လောလော ဆယ်မှာတော့ ခရမ်းချဉ်သီး တစ် ပိဿာကို (ထိပ်စ) ၁၅၀ဝ ကျပ်၊ (အလတ်စ) ၁၂၀ဝကျပ်နဲ့ (အသေး) ၁၀ဝ၀ကျပ် ဈေးပေါက်နေပါတယ်။ အစိမ်းနဲ့ အမှည့်က ဈေးအတူ တူပဲဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text