Wednesday, November 9, 2011

ကိုယ်ပျောက်ဝတ်စုံကို တီထွင်နိုင်ပြီဖြစ်သော်လည်း ယင်းက ရေအောက်၌သာ အလုပ်ဖြစ်ဟုဆို

ပညာရှင်တို့က ကိုယ်ပျောက်ဝတ်စုံကို တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း အောက်တိုဘာလ ၄ ရက်နေ့တွင် ကြေညာခဲ့သော်လည်းယင်းသည် ရေအောက်၌သာ ကိုယ်ပျောက်နိုင်သည်ဟု ဆိုသည်။ အဆိုပါဝတ်စုံ၌ အပူပေးထားသော ကာဗွန်အမျှင်များကို အသုံးပြုထားပြီး အလင်းယိုင်ခြင်းဖြစ်စဉ်ကို အသုံးပြုလျက် ကိုယ်ပျောက်အောင် ပြုလုပ်ခြင်းဖြစ်သည်။ photothermal deflection ဟုခေါ်ဆိုသော အကျိုးသက်ရောက်မှုကြောင့် ကြည့်မြင်သူ၏ မျက်လုံးဆီသို့လာသော အလင်းတန်းများကို သွေဖည်သွားစေကာ မြင်ကွင်းမှပျောက်ကွယ်အောင် ပြုလုပ်ခြင်းဖြစ်သည်။သို့ သော် အမှန်တကယ်၌ ရေထဲ၌သာ ယင်းကဲ့သို့ ကိုယ်ဖျောက်နိုင်ကြောင်း သိရသည်။ အဆိုပါဝတ်စုံကို အမေရိကန်ပြည်ထောင်စု ဒေါလက်စ်တက္ကသိုလ်မှ သုတေသနပညာရှင်များက တီထွင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text