Monday, November 14, 2011

စင်ကာပူ အမျိုးသား တက္ကသိုလ်မှ မြန်မာ ကျောင်းသား အကောင်းဆုံး ပရောဂျက်ဆုရ

7_10_34_8
စင်္ကာပူနိုင်ငံ၏နံပါတ်(၁) နှင့် ကမ္ဘာ့အဆင့် (၄၀) ရှိ စင်္ကာပူအမျိုးသားတက္ကသိုလ်၏ Institute of System Science တွင်တက် ရောက်ပညာသင်ယူလျှက်သော နိုင်ငံတကာကျောင်းသားများ၏ Project စုစုပေါင်း (၄၀) ကို Presentation ပြုလုပ်ရာတွင် CROWN Education မှ မြန်မာကျောင်းသား မောင်ကျော်သူရ မှ Best Industrial Project Award ဆုရရှိသည့်အပြင် အဆိုပါပရောဂျက် အတွက် ဆောင်ရွက်ပေးခဲ့သော Keppel Shipyard မှ  အလုပ်အကိုင် အတွက်ပါ ကမ်းလှမ်းခဲ့ကြောင်း စင်္ကာပူအမျိုးသားတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် အဆိုပါ ဆုချီးမြှင့်အခန်းအနားသို့  တက်ရောက်ခဲ့သည့် CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျောင်ဆန်းမှ ပြောကြားသည်၊၊
မောင်ကျော်သူရအနေဖြင့် စင်္ကာပူအမျိုးသားတက္ကသိုလ် National University of Singapore (NUS)Institute of System Science မှပေး အပ်ချီးမြှင့်သော Graduate Diploma in System Analysis 33th Batch ကိုတက်ရောက်ခဲ့ပြီး၊ လက်တွေ့ လုပ်ငန်းဆောင်ရွက်ချိန်တွင် Keppel Shipyard ကုမ္မဏီတွင် အဆိုပါပရောဂျက်ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်၊၊ Keppel Shipyard ကုမ္မဏီသည် သင်္ဘောတည် ဆောက်ခြင်း၊ပြုပြင်ခြင်းများလုပ်ဆောင်သည့် လုပ်ငန်းခွင်ဖြစ်သည့်အတွက်၊ ကုမ္မဏီ၏ မူဝါဒဖြစ်သော မတော်တဆမှု့  လုံးဝကင်းစင်ရေး (Zero Incident) ရည်မှန်းချက်အစီစဉ်တွင်ပါဝင်သည့် လေ့ကျင့်ပေးရေးအစီအစဉ်ကို ပရိုဂရမ်ရေး သားရသည့် ပရောဂျက်အတွက်ဆုရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်၊၊ အဆို ပါပရောဂျက်အတွက်၊ Training Schedule ဆွဲခြင်း၊ လူများ Assignment ချပေးခြင်း၊ စာရွက်စာတမ်းများကို Update လုပ်ခြင်း နှင့် Certification System များကို လုပ်ဆောင် ရကြောင်းသိရသည်၊၊
ယခုကဲ့သို့  Best Industrial Project Award ရရှိခဲ့ရခြင်းမှာ ကုမ္မဏီမှလက်ရှိသုံးစွဲနေသောစနစ်ထက် ပိုမိုကောင်းမွန် သွားရန်၊ အသုံးပြုသူများအား အင်တာဗျူးလုပ်ခြင်း၊ Screen Design လိုအပ်ချက်များ ကိုပြင် ဆင်ခြင်း၊ ပြုလုပ်ခဲ့ရပြီး စနစ် တစ်ခုလုံးရေးသားရသည့်အပြင် တီထွင်ဖန်တီးများဖြင့်ပါ ပေါင်းစပ်ခဲ့နိုင်သဖြင့်၊ အဆိုပါဆုကိုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်၊၊
“ဒီ System Analysis ဘွဲ့ လွန်ဒီပလိုမာက ပညာရေးတစ်ခုထဲမဟုတ်ပဲ လက်တွေလုပ်ငန်းခွင့်အနေနဲ့ သွားရတာဆိုတော့ ကျောင်းသားတွေအတွက် ပင်လည်းပင်ပန်းကြပါတယ်၊၊ ထူးချွန်တဲ့သူတွေအတွက် ထိုက်ထိုက်တန်တန်နေရာ တစ်ခုကိုလည်း ရရှိနိုင်ပါတယ်၊၊ အခုလိုမြန်မာကျောင်းသားတစ်ရောက် အကောင်းဆုံးပရောဂျက်ဆုလည်းရတယ်၊၊ သူတို့ နိုင်ငံ သားတွနဲ့  ယှဉ်ပြိုင်ပြီး အဆင့်မြင့်အလုပ်အကိုင်တစ်ခုကိုကမ်း လှမ်းခံရတယ်ဆိုတော့ ကျွန်တော်တို့ လည်း ဂုဏ်ယူ ပါတယ်၊၊” ဟု မောင်ကျော်သူရ ကို ကျောင်းလျှောက် ထားပေး ခဲ့သော CROWN Education မှ ဦးအောင်ကျော်ဆန်းကပြောကြားသည်၊၊
စင်္ကာပူ အမျိုးသားတက္ကသိုလ် National University of Singapore (NUS)Institute of System Science မှပေး အပ်ချီးမြှင့်မည့် Graduate Diploma in System Analysis ဘွဲ့လွန် ဒီပလိုမာကို နှစ်စဉ် သြဂုတ်လ Intake အတွက်  April/May လများတွင်ဝင်ခွင့်ခေါ်ယူလေ့ရှိပြီး၊ အဆိုပါ ဘွဲ့ လွန်ဒီပလိုမာအတွက် တက္ကသိုလ်ဘွဲ့ရများ လျှောက်ထားနိုင်ကာ အင်္ဂလိပ်စာ အရေး၊ အပြော ကျွမ်းကျင်မှုရှိရန်လိုအပ်ပါသည်၊၊ ကွန်ပျူတာ Programming/ Web Developing အလုပ်အကိုင် အတွေ့အကြုံ ရှိသူများ အတွက် ဝင်ခွင့်ရရှိရန် အခွင့်အရေး ပို၍များနိင်ကြောင်းနှင့် ၀င်ခွင့် ရရှိသော ကျောင်းသူကျောင်းသားများအနေဖြင့် Industry Attachment ပါလုပ်ကိုင်ရမည်ဖြစ်သည်ဟုသိရသည်၊၊
ဝင်ခွင့်ရရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှပေးအပ်မည့် ပညာသင်ထောက်ပံ့ကြေးကို ၉၀% အထိလျှောက်ထား နိုင်ပြီးလျှောက်ထားလိုသူများ နှင့် အသေးစိတ်သိရှိလိုသူများ CROWN Education, 228-229 Summit Parkview Hotel, Phone No. 211 888 (Ext: 228/229)နှင့် 09 732 732 77 တို့ တွင် ဆက်သွယ်စုံစမ်းနိုင်ပါ သည်၊၊

No comments:

Post a Comment

 

Sample text

Sample Text

Sample Text