Saturday, November 12, 2011

'၁၁၊ ၁၁၊ ၁၁' အခမ်းအနားများ ကျင်းပခဲ့တဲ့ နိုင်ငံတကာနဲ့ မြန်မာ

၂၀၁၁ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကွာလာလမ်ပူမြို့ Thean Hou ဘုရားကျောင်းမှာ စုံတွဲများ အစုအပြုံလိုက် လက်ထပ်ခဲ့ကြသည်။ ၁၁၊ ၁၁၊ ၁၁ မင်္ဂလာရက်မြတ်ကို ရွေးချယ်ခြင်းက သူတို့အတွက် တသက်တာ ရွှေလက်မြဲနိုင်မည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။
အင်ဒိုနီးရှား အရှေ့ဂျာဗားပြည်နယ်ရဲ့ ဆူရာဘာယာမြို့ ဆေးရုံမှာ ၁၁၊ ၁၁၊ ၁၁ ရက်နေ့က မွေးတဲ့ ကလေး ၁၄ ယောက်ကို ပြထားသည်။ အဲဒီနေ့မှာ မွေးဖွားတဲ့ ကလေးတွေကို စည်းစိမ်ကြွယ်ဝချမ်းသာမယ့်သူတွေဟု အင်ဒိုနီးရှားတို့က ယုံကြည်ကြသည်။

အိန္ဒိယမြောက်ပိုင်း ဟာယာနားပြည်နယ်မှ ပန်ချာပီတစ်ဦး ၁၁၊ ၁၁၊ ၁၁ ကိတ်မုန့်ကို ပုံဖော်နေခြင်း ဖြစ်သည်။ နက္ခတ်ပညာ ၀ါသနာကြီးတဲ့ အိန္ဒိယသားတွေက အဲဒီရက်ကို အောင်မြင်မှုတွေ စတင်သယ်လာမည့်ရက်ဟု ယူဆကြသည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ နိုဝင်ဘာ ၄ ရက်နေ့က လူတစ်ဦး ၁၁၊ ၁၁၊ ၁၁ ရက်နေ့အတွက် ဖောက်မယ့် ကံစမ်းမဲကို ၀ယ်ယူ အားပေးနေခြင်း ဖြစ်သည်။

ဂျာမဏီမှာလည်း ၁၁၊ ၁၁၊ ၁၁ ရက်နေ့ကို ရွေးချယ် လက်ထပ်ခဲ့ကြသည်။

ဒေလီမြို့ရောက် မြန်မာအဖွဲ့က ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ လုပ်ခဲ့သည်။

ရန်ကုန်မှာတော့ '၁' ခြောက်လုံးစုံသည့်နေ့ကို အားကစားစာစောင်များဖြင့် ကြွယ်ဝချမ်းသာလာသည့် Eleven Media က သူများတွေထက် ပိုသဲပိုကျဲကာ ဆီဒိုးနားဟိုတယ်မှာ ခမ်းခမ်းနားနား ကျင်းပခဲ့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text