Saturday, November 12, 2011

မိုက်ကယ်ဂျက်ဆင်သေဆုံးမှုအတွက် ဒေါက်တာမာရေးအား ဖမ်းဆီး

ဒေါက်တာမာရေးသည် Popဂီတ ဘုရင်ကြီး ဂျက်ဆင် သေဆုံးခဲ့ရမှုတွင် တာဝန်မဲ့စွာ ပြုမူခဲ့ကြောင်း တရားသူကြီးများက အတည်ပြု ကြေညာခဲ့ပြီး ၎င်းသည် လူ့အသိုင်းအ၀ိုင်းအတွက် အန္တရာယ်ရှိသူ တစ်ဦးအဖြစ် အမည်တပ်
မိုက်ကယ်ဂျက်ဆင်သေဆုံးမှုအတွက် ဒေါက်တာမာရေးအား ဖမ်းဆီး
မိုက်ကယ်ဂျက်ဆင် သေဆုံးမှုတွင် ဒေါက်တာ ကွန်းရက်မာရေးသည် အဓိက တာဝန်ရှိသူ တစ်ဦးဖြစ်ကြောင်း တရားသူကြီးများက ဆုံးဖြတ်လိုက်ပြီးနောက် ၎င်းအား တရားရုံးမှ ရဲအရာရှိများက လက်ထိပ်ခတ်ကာ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ဒေါက်တာမာရေးသည် Popဂီတ ဘုရင်ကြီး ဂျက်ဆင် သေဆုံးခဲ့ရမှုတွင် တာဝန်မဲ့စွာ ပြုမူခဲ့ကြောင်း တရားသူကြီးများက အတည်ပြု ကြေညာခဲ့ပြီး ၎င်းသည် လူ့အသိုင်းအ၀ိုင်းအတွက် အန္တရာယ်ရှိသူ တစ်ဦးအဖြစ် အမည်တပ် ပြစ်တင်ခဲ့သည်။

dr. murray

(ဒေါက်တာမာရေးအား တရားရုံးတွင် လက်ထပ်ခတ်ဖမ်းဆီးလိုက်စဉ်)

ဒေါက်တာမာရေးအနေနှင့် လက်ရှိတွင် အာမခံလည်း ရမည်မဟုတ်ဘဲ ပြစ်ဒဏ်စီရင်မှုကိုသာ စောင့်ဆိုင်းနေရမည်ဖြစ်သည်။ လော့စ်အန်ဂျလိစ် တရားရုံးသည် နိုဝင်ဘာ (၂၉)ရက်နေ့တွင် ဒေါက်တာမာရေးအား စီရင်ချက် ချမှတ်မည်ဖြစ်သည်။ ဒေါက်တာမာရေး အနေနှင့် ထောင်ဒဏ် (၄)နှစ်ထိ ချမှတ်ခြင်း ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရှိရသည်။ ဂျက်ဆင်ကို ချစ်ခင်အားပေးခဲ့သူများက တရားသူကြီးများ၏ ဆုံးဖြတ်ချက် အပြီးတွင် တရားမျှတမှုကို ဆောင်ကြဉ်းနိုင်ခဲ့ပြီဟု ၀မ်းသာအားရ ကြွေးကြော်ခဲ့ကြသည်။



(တရားရုံးသို့ ရောက်ရှိလာသည့် မိုက်ကယ်ဂျက်ဆင်၏ မိဘနှစ်ဦး)

တရားသူကြီးများသည် သက်သေ (၅၀)နှင့် ရုံးချိန်း (၂၂)ကြိမ် စစ်ဆေးမှု အပြီးတွင် ဒေါက်တာမာရေးအား အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာမာရေးသည် (၂၀၀၉)ခုနှစ်၊ ဇွန်လကုန်ပိုင်းက ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် Popဂီတ ကြယ်ပွင့်ကြီး၏ ဆရာဝန်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။ တရားရုံး၏ ဆုံးဖြတ်ချက် အပြီးတွင် ဂျက်ဆင်၏ မိသားစုများသည် တိတ်ဆိတ်စွာဖြင့် ကြေကြေကွဲကွဲ ငိုကြွေးခဲ့ကြသည်။ မိုက်ကယ်ဂျက်ဆင်၏မိခင် ကက်သရင်း ဂျက်ဆင်က “ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ နည်းနည်း ကျေနပ် နှစ်သိမ့်မှု ဖြစ်စေခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

michael jackson

(တရားရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် အောင်ပွဲခံနေသည့် မိုက်ကယ်ဂျက်ဆင် ပရိသတ်များ)

ဂျက်ဆင်၏ ဖခင်ဖြစ်သူ ဂျိုးဂျက်ဆင်ကလည်း “တရားမျှတမှုတွေ တကယ်ဖြစ်လာခဲ့ပါပြီ”ဟု ဆိုသည်။ အသက်(၅၈)နှစ်ရှိ ဒေါက်တာမာရေးသည် ရဲများက လက်ထိပ်ခတ်ကာ ခေါ်ယူသွားချိန်တွင် တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်ကိုလည်း တွေ့ရသည်။ တရားရုံး ပြင်ပတွင် ဂျက်ဆင်၏ ပရိသတ် ရာပေါင်းများစွာတို့ စုရုံးကာ တရားရုံး ဆုံးဖြတ်ချက်အပေါ် ကောင်းချီးပေး အော်ဟစ်ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text