တပတ်ခန့်အကြာက ဂူးဂဲလ်သည် မတော်တဆ ပြသခဲ့သည့် ဂျီမေးလ်၏ မျက်နှာပြင်သစ်မှာ ယခုတွင် အသုံးပြုသူအားလုံးဆီသို့ ရောက်ရှိလာပြီဖြစ်သည်။အင်္ဂါနေ့က ၎င်း၏ ဘလော့ဂ်ပို့စ်တွင် တရားဝင် ပြောင်းလဲထားကြောင်း ကြေငြာခဲ့ပြီး ဂျီမေးလ်အသုံးပြုသူများသည် အမြင်ပုံစံသစ်ဝန်ဆောင်မှုအား ပိုမိုထိရောက်စွာ control နိုင်ရန် ပေးထားသည်။ ၎င်းတို့မှာ သင်နှစ်သက်သည့် ပမာဏနှင့် အကျယ်အား sidebars တလျောက် drag လုပ်နိုင်ခြင်း၊ နောက်ခံပုံများ high-resolution ၏ wider selection တခုမှ ရွေးချယ်ခြင်းနှင့် သင့် စခရင်ပေါ်တွင် အီးမေးလ် အများအပြား ရှိစေချင်းလျှင်ဖြစ်ဖြစ် သို့မဟုတ် မေးလ်းများအကြာ်း နေရာလွတ်ပိုလိုချင်လျှင်ဖြစ်ဖြစ် ဆုံးဖြတ်နိုင်ခြင်း (အီးမေးလ် သိပ်သည်းခြင်းကို သင်ရွေးချယ်နိုင်သည်မှာ Comfortable,” “Cozy” နှင့် “Compact.” တို့ဖြစ်သည်။ ၎င်းမှာ မေးလ်၏ ညာဘက်ထောင့်တွင် ရှိသည်။) တို့ ပြုလုပ်နိုင်သည်။
ဂျီမေးလ်အသုံပြုသူများသည် search function များအားလည်း လေ့လာနိုင်သည်။ ၎င်းမှာ search bar ပေါ်တွင် click ခြင်းဖြင့် Advanced Search အား ဆက်သွယ်နိုင်သည်။ Conversations ကိုလည်း ပြောင်းလဲထားပြီး profile ဓာတ်ပု့အား ထည့်သွင်းခဲ့သည်။
ဂူးဂဲလ်က ဇူလိုင်လက စတင်ပေးထားသည့် ဂျီမေးလ်သစ် sneak peek ထက် ယခု ဗားရှင်းသစ်မှာ features များ ပိုများသည်။ အောက်တွင် features သစ်များကို ဗီဒီယိုဖြင့် ပြသထားသည်။
ယခုချိန်တွင် အသုံးပြုအချို့မှာ ချက်ချင်း ဗားရှင်းသစ်အား ရရှိလိမ့်မည် မဟုတ်ပေ။ “သင်တွေ့မြင်လိုပါက နောက်ထပ် ရက်အနည်းငယ်တွင် စောင့်စားရမှာဖြစ်တယ်။ အဲဒီချိန်မှာ ဂျီမေးလ်ရဲ့ ညာဘက်အောက်ခြေရှိ Switchှ to the new look ကို click ပြီး ဗားရှင်းသစ် မျက်နှာပြင်ကို ရမှာဖြစ်တယ်”ဟု ဂူးဂဲလ် ဒီဇိုင်းနာ Jason Cornwell က ရေးသားထားသည်။

No comments:
Post a Comment