Friday, November 18, 2011

ရှုံးပွဲမရှိ နောက်တစ်ဆင့် တက်ရောက်နိုင် ခဲ့သည့် မြန်မာအသင်း

ရှုံးပွဲမရှိ နောက်တစ်ဆင့် တက်ရောက်နိုင် ခဲ့သည့် မြန်မာအသင်း
၂၆ ကြိမ်မြောက် အင်ဒိုနီရှား ဆီးဂိမ်း ပြိုင်ပွဲ၏ အမျိုးသား ဘောလုံး ပွဲစဉ် တစ်ခု ဖြစ်သည့် အုပ်စု (ခ) အသင်းများ ဖြစ်သည့် မြန်မာ အသင်းနှင့် တီမော အသင်းတို့ ယနေ့ညတွင် ယှဉ်ကစားခဲ့ကြသည်။ ယနေ့ပွဲစဉ်တွင် ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင် ခဲ့ပြီဖြစ်သည့် မြန်မာ အသင်းသည် ဖီလစ်ပိုင် အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်မှ လူစာရင်းကို (၈) ဦးထိ အပြောင်းအလဲ ပြုလုပ်ပြီး တီမောအသင်းကို ရင်ဆိုင်ခဲ့သည်။
ကစားသမားများ အပြောင်းအလဲ ပြုလုပ်ထားသည့် မြန်မာ အသင်းသည် ပုံမှန် ခြေစွမ်းမရရှိခဲ့ပဲ အပျက်များနေခဲ့သည်ကို တွေ့ခဲ့ရသည်။ယခုပွဲစဉ်၏ အဖွင့်ဂိုးကိုတော့ မြန်မာ အသင်းမှ ကွင်းလယ် ကစားသမား မိုင်အိုက်နိုင်က ပွဲကစားချိန် (၃၄) မိနစ်တွင် တီမော ဂိုးသမား၏ ညာဘက်ထောင့်ထဲကို ကန်သွင်းယူ ခဲ့ခြင်းဖြစ်သည်။
ဦးဆောင်ဂိုး ပေးလိုက်ရသော တီမော အသင်းသည် တိုက်စစ်ဆင်မှုများ ပိုမိုပြုလုပ်လာ ခဲ့ပြီး ပွဲကစားချိန် (၃၅) မိနစ်တွင် တန်ပြန် တိုက်စစ်မှ တစ်ဆင့် တီမော တိုက်စစ်မှူး၏ ဂိုးကန်သွင်းချက်မှာ ဂိုးဘားတန်းထိ ခဲ့သည့်အတွက် မြန်မာ အသင်းအတွက် ချေပဂိုးပေးရမည့် အရေးမှ သက်သာရာရခဲ့သလို ပွဲကစားချိန် (၃၈) မိနစ်တွင် အဖွင့်ဂိုး သွင်းယူ ခဲ့သူ မိုင်အိုက်နိုင်၏ ဖန်တီး ပေးပို့မှုမှ တစ်ဆင့် တိုက်စစ်မှူး မင်းမင်းသူ၏ ကန်သွင်းချက်မှာ ဂိုးတိုင်ထိ ခဲ့သောကြောင့် နောက်ထပ် ဦးဆောင်ခွင့် ရရှိမည့် အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရသည်။ ပထမပိုင်း ပြီးဆုံးချိန်မှာတော့ မြန်မာ အသင်းမှ (၁-၀) ဖြင့် ပွဲကိုဦးဆောင်နိုင် ခဲ့သည်။
ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ ဦးဆောင်ဂိုး ပေးထားရသည့် အရှေ့တီမော အသင်းက ထိုဖောက်မှုများ ပိုမို ပြုလုပ်လာ ခဲ့ပြီး မြန်မာ အသင်း၏ ဂိုးပေါက်သို့ ခြိမ်းခြောက်မှု အချို့ ပြုလုပ်လာနိုင် ခဲ့သော်လည်း ဂိုးသွင်း မသေချာခြင်းနှင့် ဂိုးသမား ကျော်ဇင်ထက်၏ ကာကွယ်မှုများကြောင့် ချေပဂိုးနှင့် ဝေးနေခဲ့ရသည်။ပွဲကစားချိန် မိနစ် (၇၀) နောက်ပိုင်းတွင်တော့ မြန်မာ အသင်းမှ ပြန်လည် အသာစီး ရလာခဲ့သော်လည်း ဂိုးရရှိမည့် အခွင့်အရေး အချို့ရရှိခဲ့သော်လည်း ကစားသမားများမှ ဖြုန်းတီးပြစ်ခဲ့သောကြောင့် ဦးဆောင်ဂိုးများ ထပ်မံရရှိမည့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရပြီး အုပ်စု ဒုတိယ အနေဖြင့်သာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင် ခဲ့သည်။မြန်မာ အသင်းမှာ အုပ်စု ဒုတိယသာ ရရှိခဲ့သောကြောင့် အုပ်စု (က)၏ အုပ်စုဗိုလ်ဖြစ်ရန် အခွင့်အရေများနေသည့် အိမ်ရှင် အင်ဒိုနီးရှား အသင်းနှင့် ဆီးမီးဖိုင်နယ်တွင် တွေ့ဆုံရန် ရှိနေသည်။
မြန်မာ အသင်း၏ အုပ်စုတွင်း ဖြတ်သန်းမှုများ
မြန်မာ ၃ - ၂ လာအို
မြန်မာ ၀ - ၀ ဗီယက်နမ
် မြန်မာ ၄ - ၀ ဘရူနိုင်း
မြန်မာ ၅ - ၀ ဖီလစ်ပိုင်
မြန်မာ ၁ - ၀ အရှေ့တီမော
အသင်း ပွဲ နိုင် သရေ ရှုံး ရဂိုး ပေးဂိုး ရမှတ်
မြန်မာ ၁၃ ၁၃
ဗီယက်နမ် ၁၃ ၁၀
အရှေ့တီမော
လာအို
ဖီလစ်ပိုင် ၁၂
ဘရူနိုင်း ၁၆

No comments:

Post a Comment

 

Sample text

Sample Text

Sample Text