Friday, November 18, 2011

အန္တာတိတ် ရေခဲတောင် လေ့လာရေးလုပ်ငန်း စတင်မည်

အန္တာတိတ် ရေခဲတောင် လေ့လာရေးလုပ်ငန်း စတင်မည်
နာဆာ၏ ရန်ပုံငွေဖြင့် ဆောင်ရွက် မည့် သိပံ္ပပညာ ရှင်များ အဖွဲ့သည် ရေခဲ တောင်များ အရည် ပျော်ကျ သဖြင့် ပင်လယ်ရေ မျက်နှာ ပြင်မြင့်တက်လာခြင်းကို တိုင်းတာ တွက်ချက်နိုင်ရန်အတွက် အလျင် အမြန် ပါးလှပ်လာသည့် အန္တာတိတ် ရေခဲတောင်တစ်ခုကို လွန်ဖြင့် တူး ပြီး လေ့လာမည်ဖြစ်သည်။ အဆိုပါရေခဲတောင်ကြီး ပျော် ကျခြင်းကို သိပံ္ပပညာရှင်များက စိုး ရိမ်ပူပင်စွာဖြင့် သုတေသနပြုခဲ့ခြင်း ဖြစ်သည်။ ရေခဲပျော်ကျခြင်းနှင့် ၄င်း ၏ပတ်ဝန်းကျင်ရှိ အခြားရေခဲတောင် များလည်း ပါးလှပ်လာခြင်းတို့ကို ဂြိုဟ်တုတိုင်းတာချက်များအရ သိရှိ ခဲ့ကြသည်။ အဆိုပါ သိပံ္ပပညာရှင် များသည် ဒီဇင်ဘာမှစတင်၍ သီတင်း ပတ် ၆ ပတ်ကြာ လေ့လာမည်ဟု ဆိုသည်။ အဆိုပါရေခဲတောင်များ အရည်ပျော်ကျပြီး ပင်လယ်ထဲသို့ စီးဝင်သဖြင့် ပင်လယ်ရေမျက်နှာ ပြင် အလျင်အမြန်မြင့်တက်လာရ ပုံကို အသေးစိတ်တင်ပြနိုင်မည့် သု တေသန လုပ်ငန်းဖြစ်သည်။ သိပံ္ပပညာရှင်များက ရေပူလွန် ဖြင့် ရေခဲတောင်ကို ထိုးဖောက်၍ သမုဒ္ဒရာရေမျက်နှာပြင်နှင့် ထိနေ သည့်နေရာသို့ ကင်မရာတစ်လုံးချ ပြီး ရေခဲတောင်၏ အောက်ဘက် သို့ လေ့လာမည်ဖြစ်ကြောင်းနှင့် ရေ မျက်နှာပြင်အောက် ပေ ၁၆၄၀ ရှိ ကြမ်းခင်းပြင်ကိုလည်း လေ့လာမည် ဖြစ်ကြောင်း သိရှိရသည်။ ပင်လယ် ကြမ်းခင်း၏ အထက်ဘက်ရှိ ရေခဲ တောင်ကြီး၏ အောက် ၁၀ ပေခန့် နေရာရှိ အပူချိန်၊ဆားပျော်ဝင်နှုန်း နှင့် ရေစီးကြောင်းတို့ကိုလည်း တိုင်း တာမည်ဖြစ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text