Monday, November 14, 2011

သင် ဘယ်လောက် အသက်ရှည်မလဲ


သင် ဘယ်လောက် အသက်ရှည်မလဲ
ဗုဒ္ဓ ဘာသာဝင်တွေ အတွက် ကတော့ လူတစ်ယောက် ရဲ့ သက် တမ်းဟာ ကံနှင့် ကံ၏ အကျိုးအတိုင်း ပဲပေါ့။ ဗေဒင် ဆရာကလည်း သူ့ ပညာ နဲ့သူ လူတစ်ယောက် ရဲ့ သက် တမ်းကို တွက်ချက် ခန့်မှန်းပေး သလို သိပ္ပံနည်းကျ ခန့်မှန်းတွက်ချက်မှု လည်း ပြုလုပ်ကြည့်နိုင်ပါတယ်။ ကူးစက်ရောဂါမဖြစ်အောင် လည်း ကာကွယ်ထားပြီး မတော် တဆထိခိုက်မှုတို့၊ သဘာဝဘေး အ္တရာယ်တို့လည်း မတွေ့ကြုံဘူး၊ မျိုးရိုးဗီဇရောဂါလည်းမရှိဘူးဆိုရင် လူတစ်ယောက်ရဲ့ သက်တမ်းကို လွှမ်းမိုးချုပ်ကိုင်ထားတာကတော့ ကူးစက်ခြင်းကြောင့် မဟုတ်သော (တစ်နည်းအားဖြင့်) လူနေမှုဘဝစရိုက် ဟန်ပန်ကြောင့် ဖြစ်ရသော ရောဂါ များပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် အဲဒီ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ် ခံစားရနိုင်ခြေပေါ်မှာ အခြေခံပြီး အမှတ်ပေး စနစ်တစ်ခုဖြင့် သင်၏ အသက် ဘယ်လောက်ရှည်နိုင်မယ် ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ယနေ့ခေတ် လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းကို ၇၆ နှစ်လို့ ထားပြီး ဘဝလူနေမှု စရိုက် ၁၁ ခု အပေါ်မှာ အမှတ်ပေး/လျှော့သွားမှာ ဖြစ်ပါတယ်။ အမှတ်မပေး သို့မဟုတ် မလျှော့နိုင်ရင် နောက်တစ်ခုကို ကျော်သွားနိုင်ပါတယ်။ အမှတ်အတိ အကျမဆုံးဖြတ်နိုင်ရင်လည်း ခန့်မှန်း ပြီး ပေးလိုက်ပါ။ အဲဒီ ရမှတ်တွေ ပေါ်မှာ သိပ်ပြီး အာရုံမထားပါနဲ့။ ဒါပေမယ့် လျှော့လိုက်ရတဲ့ အမှတ် (နှစ်)တွေပေါ်မှာ အာရုံစိုက်ပါ။ ဘယ် လို အကျင့်စရိုက်တွေရှိနေလို့ လျှော့ လိုက်ရတာလဲဆိုတာ နားလည်သိရှိပြီး ပြောင်းလဲပြင်ဆင်နိုင်အောင် ကြိုးစား ပါ။
(၁)ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်း
သင်၏ အလုပ်က ပုံမှန် အတန် အသင့်ပြင်းထန်စွာ လှုပ်ရှားရသော အလုပ် သို့မဟုတ် သင်သည် နေ့စဉ် ကာယလေ့ကျင့်ခန်း ပြုလုပ်သူဖြစ် လျှင် ၃ နှစ်ပေါင်းထည့်ပါ။ ဒီလိုရေးပါ (+၃) အိမ်မှာဖြစ်စေ၊ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ ကစားရာမှာဖြစ်စေ ကာယ လှုပ်ရှားမှုများစွာ မလုပ်ရလျှင် ၃ နှစ် နုတ်ပါ။ ဒီလိုရေးပါ (-၃)
(၂) ဖြေလျော့မှုရှိခြင်း
သင်၏ အလုပ်သည် သက်သက် သာသာအေးအေးလူလူ လုပ်ရသည့် အလုပ် (စက္ကူကို ဖောက်စက်ဖြင့် ဖောက်ပေးရသလို လွယ်လွယ်ကူကူ အလုပ်)ဖြစ်လျှင် ၃နှစ်ထပ်ပေါင်းပါ။ စိတ်တိုးအားတိုးဖြင့် ဖိအားပေး မောင်းနှင် စေခိုင်းရသော အလုပ် စိုးရိမ်သောက ဖြစ်နေရသော အလုပ် (အလုပ်အတွက် ညအိပ်မပျော်နိုင် ဖြစ်ရခြင်းမျိုး) ဖြစ်လျှင် ၃ နှစ်နုတ်ပါ။ သင့်ကိုယ်သင် ပျော်ရွှင်မှုမရဘူး ဟုထင်လျှင် နောက်ထပ်တစ်နှစ် နုတ်ပါ။
(၃) ကားမောင်းခြင်း
အသက် ၃၀ နှစ်အောက် ဖြစ်ပြီး လွန်ခဲ့သည့် နှစ်အတွင်း ယာဉ်ထိန်းရဲ မှ သတိပေးခံရဖူးသူ၊ ယာဉ်တိုက်မှု တစ်ခုတွင် ပါဝင်ပတ်သက်ဖူးသူ ဖြစ်လျှင် ၄ နှစ်နုတ်ပါ။ အခြားသော မတော်တဆမှုများ ကြောင့် ဒေါသပေါက်ကွဲမှုများ ဖြစ်ခဲ့ လျှင် ၁ နှစ်နုတ်ပါ။ ထိုင်ခုံခါးပါတ် အမြဲတပ်ဆင် ထားလျှင် ၁ နှစ်ထပ် ပေါင်းပါ။
(၄) သွေးဖိအား
သွေးဖိအားမြင့်တက်ခြင်းသည် နှလုံးရောဂါ၊ လေဖြတ်ရောဂါဖြစ်စေ သောအဓိက လူသတ်တရားခံဖြစ် ပါတယ်။ ဆေးဝါးများ သောက်ခြင်း၊ လူနေမှုစရိုက်ပြုပြင်ခြင်းဖြင့် ထိန်းချုပ် နိုင်ပါတယ်။ ပြဿနာက သွေးဖိအား မြင့်တက်လာခြင်းကို ခံစားသိရှိနိုင်ခြင်း မရှိမှုပါပဲ။ အများစုသည် သွေးဖိအား တက်နေမှန်းမသိသောကြောင့် အသက်ကယ်နိုင်သော ကုသမှုမရဘဲ ဖြစ်နေကြပါတယ်။ သင်၏ သွေးဖိအား ဘယ် လောက်ရှိတယ်ဆိုတာ သိလျှင် ၁နှစ် ထပ်ပေါင်းပါ။
(၅) ၆၅ နှစ်ရှိပြီ အလုပ်လုပ် နေတုန်း
သင်သည် သမားရိုးကျ အငြိမ်း စားယူသည့် အရွယ် သို့မဟုတ် ထိုထက်ကြီးပြီး အလုပ်လည်း လုပ်နေ တုန်းဆိုလျှင် ၃ နှစ်ထပ်ပေါင်းပါ။
(၆) မျိုးရိုးရာဇဝင်
သင်၏ အဘိုး သို့မဟုတ် အဘွား တစ်ဦးဦးသည် ၈၅ နှစ်ထိ အသက် ရှည်ခဲ့လျှင် ၂နှစ်ထပ်ပေါင်းပါ။ အဘိုးကော အဘွားကော အသက် ၈၀နှစ်ထိ နေခဲ့ရလျှင် ၆ နှစ်ထပ်ပေါင်းပါ။ အကယ်၍ အဖေ သို့မဟုတ် အမေသည် လေဖြတ်ခြင်း သို့မဟုတ် အသက်၅၀မတိုင်မီ နှလုံးတိုက်ခိုက်ခံ ရမှုကြောင့် သေခဲ့လျှင် ၄ နှစ်နုတ်ပါ။ မိဘ သို့မဟုတ် အစ်ကို သို့မဟုတ် အစ်မတွင် ကလေး ဘဝကတည်းက ဆီးချို သွေးချိုရောဂါ ရှိခဲ့လျှင် ၃ နှစ် နုတ်ပါ။
(၇)ဆေးလိပ်သောက်ခြင်း
တစ်နေ့လျှင် စီးကရက် ၂ဘူး အထက် ကုန်အောင်သောက်လျှင် ၈ နှစ်နုတ်ပါ။ တစ်နေ့ ၁ ဘူး သို့မဟုတ် ၂ ဘူး ကုန်ပါက ၆ နှစ်နုတ်ပါ။ ဘူးတစ်ဝက် မှ တစ်ဘူးကုန်လျှင် ၃ နှစ်နုတ်ပါ။
(၈) အရက်သောက်ခြင်း
တစ်နေ့လျှင် အရက် ၂ ခွက် (ဘီယာ သို့မဟုတ် ဝိုင်) သောက် လျှင် ၁ နှစ်နုတ်ပါ။ နောက်ထပ် ၁ခွက်ပိုလျှင် ၂ နှစ်နုတ်ပါ။
(၉) ကျား/မ
ယေဘုယျအားဖြင့် အမျိုးသမီး များက အမျိုးသားများထက် ပို၍ အသက်ရှည်ပါတယ်။ အမျိုးသမီး ဖြစ်ပါက ၃နှစ်ပေါင်းပါ။ အမျိုးသား ဖြစ်ပါက ၃ နှစ်နုတ်ပါ။
(၁၀)ကိုယ်အလေးချိန်
အဆီများသော အစားအ အသောက်များ ရှောင်ကြဉ်လျှင်၊ ဆား ထပ်ထည့်မစားလျှင် သင်၏ နှလုံး ကျန်းမာကောင်း ကျန်းမာနိုင်ပါတယ်။ ၂ နှစ်ထပ်ပေါင်းပါ။ အဝလွန်ခြင်း - ပုံမှန်ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပေါင် ၅၀နှင့် အထက် ပို၍များပါက ၈ နှစ် နုတ်ပါ၊ ပေါင် ၃၀ မှ ၄၀ ထိ များနေပါက ၄ နှစ် နုတ်ပါ။ ၁၀ ပေါင်မှ ၂၉ ပေါင်ထိ များနေပါက ၂နှစ်နုတ်ပါ။
(၁၁)အသက်အရွယ်
သင်ယခု အသက်ဘယ်လောက် ထိ နေခဲ့ပြီလဲဆိုသည်က နောက်ထပ် ဘယ်လောက်နေရဦးမလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ သင်သည် ယခုအသက် ၃၀ နှစ်အောက် ဆိုပါက ဒိုင်လူကြီးများက ဘာမျှစဉ်းစားမပေးပါ။ ၃၀ နှင့် ၃၉ နှစ်ကြားဆိုလျှင် ၂ နှစ် ထပ်ပေါင်းပါ၊ ၄၀ မှ ၄၉နှစ် ကြားဆိုလျှင် ၃ နှစ်ထပ်ပေါင်းပါ၊ ၅၀ မှ ၆၉နှစ်ကြားဆိုလျှင် ၄ နှစ် ထပ် ပေါင်းပါ၊ ၇၀နှစ် နှင့်အထက် ဆိုလျှင် ၅ နှစ်ထပ်ပေါင်းပါ။ ကဲစုစုပေါင်း အမှတ်ကိုရပါပြီလား အဲဒီဂဏန်းဟာသင်အသက်ရှင်နိုင်မယ့် နှစ်ပါပဲ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text