Monday, November 14, 2011

ရင်ချင်းသာမက ဝမ်းဗိုက်ချင်းပါ ဆက်နေသည့် အမြွှာညီအစ်မကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှ အိန်ဂျယ်လီနာနှင့် အိန်ဂျယ်လီကာဆာဘူကို တို့ညီအစ်မသည် ရင်ချင်းသာမက ဝမ်းဗိုက်ချင်းပါ ဆက်နေပြီး ခွဲခြမ်းရန် မဖြစ် နိုင်သည့် အနေအထား၌ ရှိခဲ့သည်။ သို့သော် ကယ်လီဖိုးနီးယား ဆေးရုံက ကိုးနာရီကြာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီးနောက် သူတို့ ညီအစ်မအား အောင်မြင်စွာ ခွဲခြမ်းပေးနိုင်ခဲ့ကြောင်း သိရ သည်။ အသက်နှစ်နှစ်ရှိပြီးဖြစ်သော အမြွှာညီအစ်မ၏ မိခင် ဖြစ်သူ ဂျီနာဒီက သူ၏ သမီးနှစ်ဦးအား ခွဲစိတ်ကုသမှု အောင် မြင်ခဲ့ခြင်းမှာ အိပ်မက်က တကယ်ဖြစ်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် မွေးဖွားခဲ့သော အမြွှာ ညီအစ်မကို အဖွဲ့ဝင် ၄ဝ ကျော်ပါဝင်သော ခွဲစိတ်ကုသမှုအဖွဲ့က ခွဲစိတ်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခွဲစိတ်ကုသမှု၌ မိန်းကလေး နှစ်ဦး၏ အသည်းများ၊ ဝမ်းတွင်းကန့်လန့်ကာ ကြွက်သား၊ ရင်ညွန့် အရိုးများနှင့် ရင်ဘတ်နှင့်ဝမ်းဗိုက်နံရံ ကြွက်သားများကို ခွဲခြမ်းပေးရမှုများ ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ် ကုသသည့်အဖွဲ့ကို ဦးဆောင်ခဲ့သော ဒေါက်တာဂယ်ရီဟတ္တ မန်က မိန်းကလေးနှစ်ဦးသည် အပြည့်အဝ ပြန်လည်ကျန်းမာ လာလိမ့်မည်ဟုဆိုသည်။ အဆိုပါ မိန်းကလေးနှစ်ဦး၏ မိသားစု သည် ဖိလစ်ပိုင်နိုင်ငံမှ ဆန်ဟိုဆေးမြို့သို့ လွန်ခဲ့သည့်နှစ်က ပြောင်းရွှေ့လာခြင်း ဖြစ်သည်။ 

No comments:

Post a Comment

 

Sample text

Sample Text

Sample Text