Monday, November 14, 2011

စက်မှုဇုန်များတွင် လျှပ်စစ်ဗို့အား မပြည့် သည့်အတွက် မီးစက်များပါ တွဲသုံးနေရ

7_10_34_2
စက်မှုဇုန် များတွင် လျှပ်စစ်ဓာတ် အားအချိန်ပြည့် ရရှိ သော်လည်း အားမပြည့်သည့် အတွက် မီးစက် များကိုပါ တွဲသုံး နေရကြောင်း စက်မှု လုပ်ငန်းရှင် များထံမှ သတင်း ရရှိသည်။ စက်မှုဇုန်များကို လျှပ်စစ်မီး ၂၄ နာရီ ပေးထား သော်လည်း လုပ် ငန်းအတွက် လိုအပ်သည့် ဗို့အား ကို မရကြခြင်းကြောင့် စက်လည် ပတ်ရန် အခက်အခဲများ ရှိသည့်အတွက် မီးစက်များ အသုံးပြုနေ ရကြောင်း လှိုင်သာယာစက်မှုဇုန် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ မီးစက်နဲ့ လည်ရတော့ လုပ် ငန်းက မတွင်ကျယ်ဘူး
ဆီဈေး ကလည်း တစ်ဂါလန် ၃,၅၀ဝ ကျပ် ဆိုတော့ အားလုံး စိတ်ညစ်နေကြ တယ်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အောက်တိုဘာလ ကုန်ပိုင်းက ပြည်သူ့ လွှတ်တော်တွင် လျှပ်စစ်ဓာတ်အားခများ မြှင့်တင်ရန် အစိုးရအဖွဲ့ကို ဆက်လက် တင်ပြ ဆောင်ရွက် သွားမည် ဟု အမှတ် (၂) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြော ဆိုခဲ့သည်။
ဓာတ်အားသုံးစွဲခ တိုးမြှင့်ရေး ကိစ္စနှင့်ပတ်သက်၍ စက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက ဗို့အား အပြည့်နဲ့ မီးမှန်မှန်ရရင် တော့ဒီကိစ္စကိုကြိုဆိုပါတယ်။လက် ရှိ အခြေအနေမျိုးဆိုရင်တော့ ရှေ့ ဆက်မလွယ်ဘူးဟုဆိုသည်။ စက်မှုလုပ်ငန်းများတွင်လျှပ် စစ်ဓာတ်အားခသည် တစ်ယူနစ် လျှင်ကျပ် ၅၀ ရှိပြီး သာမန် လူနေ ရပ်ကွက်များတွင် ၂၅ ကျပ်သာရှိ သည်။
လျှပ်စစ် တစ်ယူနစ်အတွက် ကုန်ကျစရိတ်သည် ၃၈ ကျပ်ဝန်း ကျင်ရှိသဖြင့် လူနေရပ်ကွက်များအတွက် လျှပ်စစ်ဓာတ်အားကို ကုန်ကျစရိတ်အရှုံးခံ၍ ပေးနေ ခြင်းဖြစ်သည်။ စက်မှုဇုန်တွေမှာ လျှပ်စစ် အတွက် အခြားပေးရတာတွေ လည်း အများကြီးပဲ။ ထင်ရှား တာက ဓာတ်အား ထိန်းသိမ်းခဆို ပြီးကျပ် ၆၀,ဝ၀ဝ နဲ့ ၁ ဝ၀,ဝ၀ဝ ကြားပေးရတာတွေလည်းရှိတယ် ဟု အထက်ပါစက်မှုလုပ်ငန်းရှင် က ဆိုသည်။
ယင်းသို့ လျှပ်စစ်ဓာတ်အား အတွက် ကုန်ကျစရိတ်များနေသော်လည်း နွေရာသီဆိုလျှင် စက်မှုဇုန်များတွင် လျှပ်စစ်မီး အ ချိန်ပိုင်းသာရရှိသည်။ လူနေ ရပ်ကွက်များထက် လျောနည်းနေသည့်အတွက်ယင်း စနစ်ကိုပြုပြင်ပြောင်းလဲရန်လိုအပ်နေ ကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်ရန်၊ ပြည်တွင်း ထုတ်ကုန်လုပ်ငန်းများ တိုးတက်ရန်မှာ လျှပ်စစ်ဗို့အား အပြည့်ဖြင့် အချိန်များစွာရရှိရန် အရေး ကြီးကြောင်း စက်မှုဇုန်ဥက္ကဋ္ဌ တစ်ဦးက သုံးသပ်သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text