Friday, November 4, 2011

နာဆာရဲ့ ကမ္ဘာသစ်ရှာပုံတော်


နာဆာရဲ့ ကမ္ဘာသစ်ရှာပုံတော်
ကမ္ဘာ ဂြိုဟ်ပြင်ပရှိ အနန္တစကြဝဠာတွေ ထဲမှ သက်ရှိတွေကို ဟိုးရှေးခေတ် ကတည်း ကပဲ တွေးဆရှာဖွေ လာကြတယ်။ စိတ်ကူး ယဉ်ပုံပြင် မျိုးစုံဖြင့် ပြင်ပ ကမ္ဘာ ဂြိုဟ်သားတွေ ကို မိတ်ဆက် တင်ပြခဲ့တယ်။ ခေတ်မီကိရိ ယာတွေ တိုးတက် ဖွံ့ဖြိုးလာတဲ့ ယနေ့ခေတ် မှာတော့ ပိုမိုကျယ်ပြန့်စွာ စူးစမ်းလာနိုင် တယ်။ ဒီလိုစူးစမ်း လေ့လာတဲ့ ပညာရှင်တွေ ထဲမှာ “ဝီလျံဘိုရပ်ခီ” လည်းပါဝင်တယ်။ နာ ဆာရဲ့ ကက်ပလာ လေ့လာရေး အဖွဲ့ ခေါင်း ဆောင် လည်း ဖြစ်တယ်။ ကမ္ဘာမြေပမာဏနဲ့ အကြမ်းဖျင်းတူညီတဲ့ ဂြိုဟ်ပေါင်း ၆၇ လုံးကို ရှာဖွေတွေ့ ရှိထားတယ်။
ကမ္ဘာမြေထက် ၂ ဆကြီးတဲ့ ဂြိုဟ်ပေါင်း ၂၈၈ လုံး၊ နက်ပ ကျွန်း ဂြိုဟ်ပမာဏရှိ ဂြိုဟ်ပေါင်း ၆၆၂လုံး၊ ကြာသပတေးဂြိုဟ် ပမာဏရှိ ဂြိုဟ်ပေါင်း ၁၈၄ လုံးကိုလည်း ကက်ပလာ စူးစမ်းရေး အာကာသယာဉ်မှ ရှာဖွေတင်ပြထားတယ်။ ကမ္ဘာမြေနဲ့ အရွယ်ပမာဏ တူခြင်းဟာ ကမ္ဘာ မြေကဲ့သို့ သဘာဝထပ်တူညီခြင်းမဟုတ် ကြောင်းကိုလည်း “ဘိုရပ်ခီ” က ထောက်ပြ ထားတယ်။ ကမ္ဘာဂြိုဟ်တည်ရှိတဲ့ ဂလက်ဇီ တစ်ခုတည်းမှာပဲ ကြယ်(နေ) အစင်းပေါင်း ၂၀ဝ ဘီလျံရှိတယ်။ ဒီကြယ်တွေကို လှည့် ပတ်နေတဲ့ ဂြိုဟ်တွေထဲမှ ၃၀ ရာခိုင်နှုန်း ဟာ ကမ္ဘာမြေနဲ့အရွယ်ပမာဏတူညီဖွယ်ရှိ ကြောင်းကိုလည်း “ဘိုရပ်ခီ” က ဆိုတယ်။ ဒါကြောင့် ဒီဂလက်ဇီတစ်ခုထဲမှာပဲ ကမ္ဘာမြေ နဲ့ အရွယ်ပမာဏတူတဲ့ဂြိုဟ်ပေါင်း အနည်း ဆုံး ၆၀ ဘီလျံ ရှိနိုင်တယ်။
၁၉၉၀ ပြည့်နှစ်မှစတင်ပြီး နက္ခတ္တဗေဒပညာရှင်တွေဟာ အခြားနေစကြဝဠာတွေ ထဲမှ ဂြိုဟ်တွေကို စတင်တွေ့ရှိခဲ့တယ်။ လူသားတွေရဲ့ နေစကြဝဠာတည်ဆောက်ထား ပုံကိုလည်း ထုတ်ဖော်တင်ပြနိုင်မယ်လို့ လုံးဝယုံကြည်မျှော်လင့်ထားတယ်။ ၂၀ ရာစု ထဲမှာ အခြားနေစကြဝဠာတွေထဲမှ ဂြိုဟ်တွေကိုလေ့လာနိုင်တဲ့ အဝေးကြည့်မှန်ပြောင်း တွေ မရှိသေးဘူး။ နှစ်ပေါင်းများစွာ အချိန်ပေးပြီး အနည်းငယ်မျှသာ စူးစမ်းလေ့လာ နိုင်ခဲ့တယ်။ “ဘိုရပ်ခီ” ဟာ ပြင်ပဂြိုဟ်တွေ စူးစမ်းလေ့လာရေးမှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်လာသူပဲ။ ၁၉၆၂ မှာ ဝစ်ကွန်ဆင် တက္ကသိုလ်မှ ရူပဗေဒအဓိကနဲ့ မဟာသိပံ္ပဘွဲ့ရခဲ့ တယ်။ သူဟာ ကျေးလက်ဒေသမှ ကလေးငယ်ဘဝကတည်းက ဒုံးပျံတွေတည်ဆောက်ပြီး ပစ်လွှတ်ဆော့ ကစားတယ်။ အပိုလို အာကာသ ယာဉ် တွေလွှတ်တင်တဲ့ခေတ်မှာ အဲဒီယာဉ် တွေရဲ့ အပူကာကိရိယာ တီထွင်ဆန်းသစ်ရေး သုတေသနလုပ်ငန်းထဲမှာ ရှိခဲ့တယ်။ အဲဒီကတည်းက ပြင်ပဂြိုဟ်တွေ ရှာဖွေရေး အိပ်မက်ကို မက်ခဲ့သူပဲ။ ပြင်ပကမ္ဘာမှာ ဂြိုဟ် သားတွေရဲ့ အသိဉာဏ်ကို သုတေသန ပြုလုပ်တဲ့ SETI ကို စတင်တည်ထောင်သူ တစ်ဦး ဖြစ်လာတယ်။ ကြယ်တစ်စင်းရှေ့မှ ဂြိုဟ်တစ်လုံးဖြတ် သန်းလှည့်ပတ်ချိန်မှာ တောက်ပတဲ့ အလင်းရောင်ထဲမှ အားပျော့တဲ့အရိပ်ကို မှတ်တမ်းတင်နိုင်ဖို့ အားထုတ်ခဲ့တယ်။ အပိုလို အာကာသအစီအစဉ်ရပ်ဆိုင်းတဲ့အချိန်မှာ အခြားကြယ် တွေကိုလှည့်ပတ်နေတဲ့ ကမ္ဘာမြေမှ မမြင်တွေ့နိုင်တဲ့ ဂြိုဟ်တွေကိုလေ့လာဖို့ ဇောက်ချလုပ်ကိုင်တယ်။ အဲဒီလိုအားပျော့တဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်တဲ့ အလွန်အားကောင်းတဲ့ အာရုံခံအီလက်ထရွန်နစ် အလင်း ထောက်လှမ်းရေးကိရိယာတွေ တပ်ဆင်ထားတဲ့ အဝေးကြည့်မှန်ပြောင်းတည်ဆောက်ဖို့ စိတ်ကူးရခဲ့တယ်။ ဒါဟာ အလွန်ကောင်းမွန်တဲ့စိတ်ကူးဖြစ်ပေမယ့် အတိအကျ တွက်ချက် နိုင်ချေတော့ မရှိသေးဘူး။
၁၉၈၄ ခုနှစ်မှာ သူက စာတမ်းတစ်ခုတင်ပြခဲ့တယ်။ လူသားတွေရဲ့ နေစကြဝဠာ အပြင်ဘက်ရှိ ဂြိုဟ်တွေကိုလေ့လာနိုင်အောင် အာကာသထဲမှာ အဝေးကြည့်မှန်ပြောင်း တည်ဆောက်ထားရှိဖို့ တင်ပြတဲ့စာတမ်းပါပဲ။ ကမ္ဘာ့လေထုထဲမှာတွေ့ကြုံရမယ့် အနှောင့် အယှက်တွေကင်းဝေးအောင် အာကာသထဲမှာ တည်ဆောက်တဲ့သဘောဖြစ်တယ်။ သိပံ္ပ ပညာအချို့ကလည်း “ဘိုရပ်ခီ” လိုအပ်နေတဲ့ တိကျတဲ့တွက်ချက်မှုတွေ ပြုလုပ်နိုင်စေတဲ့ ဆီလီကွန်ဒိုင်အုတ် ထောက်လှမ်းရေးကိရိယာတွေအကြောင်း တင်ပြခဲ့တယ်။ အလင်းအ မှုန်တစ်ခုနဲ့ တိုက်မိတဲ့အချိန်မှာ အဲဒီထောက်လှမ်းရေး ကိရိယာတွေက အီလက်ထရွန် တစ်ခု ထုတ်လွှင့်ပေးတယ်။ အီလက်ထရွန်နစ်အချက်ပြ သင်္ကေတအဖြစ် ပြောင်းလဲသွား တဲ့အလင်းဟာ ရုပ်ပုံဖမ်းယူဖို့အတွက် အဓိကကျ တယ်။ ဒါပေမဲ့ လက်တွေ့မှာ ပြဿနာ တွေကို ရင်ဆိုင်ရတယ်။ ဒီဂျစ်တယ်ကင်မရာတွေမှာ အသုံးပြုတဲ့ Chargecouple Devices (သို့မဟုတ်) CCDS ချပ်စ်တွေက နေအလင်းတန်း တွေရဲ့ အလွန်အားပျော့တဲ့ အပြောင်း အလဲငယ်လေးကို တိကျမှန်ကန်စွာ တွက်ချက်ပေးနိုင်ကြောင်း တွေ့ရှိခဲ့တယ်။ ထောင်ချီ နေတဲ့ ကြယ်တွေကို တစ်ပြိုင်နက်လေ့လာ နိုင်ရေး အတွက် အရေးကြီးတဲ့ ရှာဖွေတွေ့ရှိ ချက်ပါပဲ။ ကမ္ဘာမြေအရွယ်ပမာဏရှိ ဂြိုဟ်တွေရဲ့အတွင်းပိုင်းမှ တုန်နှုန်းလို့ခေါ်တဲ့ FRESIP မစ်ရှင်တည်ထောင်ဖို့ စီမံကိန်းရေးဆွဲတယ်။ CCD နည်းပညာရဲ့ ဆောင်ရွက်နိုင်စွမ်းကို သက်သေမပြနိုင်ကြောင်း ထောက်ပြပြီး နာဆာက သူ့ရဲ့တင်ပြချက်ကို ပယ်ချခဲ့တယ်။ ကုန်ကျစရိတ်နည်းတဲ့ ၃ နှစ်တာ အာကာမစ်ရှင်တွေရဲ့ သုတေသန အမျိုးအစား သစ်ဖြစ်တဲ့ Discovery အစီအစဉ် ကိုတော့ နာဆာကလက်ခံတယ်။ ဒါပေမဲ့ “ဘိုရပ်ခီ” အဆိုပြုတဲ့ ငွေပမာဏများတာကြောင့် ဆောင်ရွက်ခွင့်မပြုဘူး။ ၁၉၉၆ မှ ထပ်ပြီး ကြိုးစားတယ်။ အဲဒီကာလမှာ ဆွစ်ဇာလန်နိုင်ငံမှ သုတေသနအဖွဲ့တစ်ခုက နေစကြဝဠာအပြင်ဘက် ရှိ 51. Pegasib ဂြိုဟ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကြာသပတေးဂြိုဟ် ပမာဏလောက်ကြီးမား တဲ့ ဓာတ်ငွေ့ဂြိုဟ်ကြီးဖြစ်တယ်။
အဲဒီဂြိုဟ် က သူ့နေ(ကြယ်)နဲ့ မိုင်ပေါင်း ၅ သန်းအ ကွာမှ ၄ ရက်တစ်ကြိမ် တစ်ပတ်ပြည့် လှည့် ပတ်နေတယ်။ ကြာသပတေးဂြိုဟ်က နေနဲ့ မိုင်ပေါင်း ၄၈၀ သန်းအကွာမှ ၁၂ နှစ် တစ်ပတ် နှုန်းဖြင့် လှည့်ပတ်နေတယ်။ ဒီ တွေ့ရှိချက်က အခြားနေစကြဝဠာတွေရဲ့ လှုပ်ရှားပုံတွေက လူသားတွေရဲ့ နေစကြ ဝဠာရဲ့ လှုပ်ရှားပုံနဲ့ မတူကွဲပြားကြောင်း သိ မြင်လာစေတယ်။ ဒီသုတေသန အဖွဲ့ဟာ ဂျီအော့မ်မာစီနဲ့ ဘရုစ်ကမ်ဘဲလ်တို့ရဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေက လမ်းညွှန်ခဲ့တဲ့ မြေပြင် အခြေစိုက်နည်းပညာကိုအသုံးပြုပြီး ရှာဖွေ တွေ့ရှိခဲ့တာဖြစ်တယ်။ “ဒေါပလာ” နည်း လမ်းလို့ သိရှိထားကြ တယ်။ ကြယ်ရဲ့အလင်း ရောင်ကြောင့် မမြင်ရတဲ့ ဂြိုဟ်ရဲ့ဆွဲအားကို တွက်ချက်ပြီး ဖော်ထုတ်တဲ့နည်းလမ်းလို့ ဆိုတယ်။
“ဘရပ်ခီ”က နာဆာမှ ထိပ်တန်း ပညာရှင်တွေထောက်ခံမှုရှိအောင် ဆွဲဆောင် ခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ ရူပဗေဒပညာရှင် “ဒေးဗစ်ကော့ခ်ျ” က “ဘရပ်ခီ” နဲ့ ပူးပေါင်း လုပ်ကိုင်ခဲ့တယ်။ ကက်ပလာ အာကာသ ယာဉ်လွှတ်တင်ဖို့ စီမံကိန်းဆွဲတယ်။ 72 CCDS ပေါ်မှာ အားပျော့တဲ့နေအလင်းကို ချိန်ဆ ဖမ်းယူနိုင်တဲ့ အချင်း ၅၆ လက်မရှိ အဝေး ကြည့်မှန်ပြောင်းကြီး တပ်ဆင်တယ်။ လွန်ခဲ့ တဲ့ ၆ နှစ်ခန့်က လွှတ်တင် ထားတဲ့ ဟတ်ဘဲ အဝေးကြည့်မှန်ပြောင်းကြီးမှာက ထောက် လှမ်းရေးကိရိယာ ၄ ခုပဲရှိတယ်။
“ဘရပ်ခီ” တင်ပြတဲ့ ဟတ်ဝဲနဲ့ဆော့ဖ်ဝဲတွေက ထောင်ချီရှိနေတဲ့ ကြယ်တွေကို တစ် ပြိုင်နက်ထောက်လှမ်းနိုင်မှု ရှိ၊ မရှိ မေးခွန်းထုတ်ပြီး သူ့အဆိုပြုချက်ကို နာဆာကပယ် ချခဲ့ပြန်တယ်။ ဒါကြောင့် ၈ လက်မအချင်းရှိပြီး ၂ ပေရှည်လျားတဲ့ မှန်ပြောင်းကိုအသုံး ပြုပြီး ဓာတ်ခွဲခန်းထဲမှာစမ်းသပ်တယ်။ ၁၉၉၈ မှာလည်း သူ့အဆိုပြုချက်ကို ပယ်ချခဲ့ တယ်။ ၂၀ဝ၀ ပြည့်နှစ်မှာတော့ သူ့အဆိုပြု ချက်ကို နာဆာက လက်ခံခဲ့တယ်။ ကက် ပလာဟာ သူ့ရဲ့တုန်ခါမှုတွေနဲ့ အပူချိန်တို့ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အာကာသထဲမှာ ရပ်တည်လေ့လာနိုင်ကြောင်း “ဘရပ်ခီ” ကသက်သေ ပြ နိုင်ခဲ့လို့ပါပဲ။ ကက်ပလာ ၂ ဟာ ဂြိုဟ် ၆ လုံး လှည့်ပတ်နေတဲ့ နေ(ကြယ်)တစ်ခုရဲ့ စကြဝဠာထဲမှ ဂြိုဟ် ၃ လုံးကိုတင် ပြနိုင်ခဲ့တယ်။ ၂၀ဝ၁ ခုနှစ်မှာ ထောက်ပံ့ကြေးဒေါ်လာ ၂၉၉ သန်းရရှိတယ်။ ၅ နှစ် ကျော်ကာလအတွင်း နာရီပေါင်း ၅ သန်းကျော်အလုပ်လုပ်ခဲ့တဲ့ အင်ဂျင်နီယာနဲ့ နည်း ပညာရှင် ၂၀ဝ၀ ကျော်ကို ခက်ခက်ခဲခဲထိန်းသိမ်းထောက်ပံ့ပြီး သုတေသနပြု ခဲ့ရတယ်။ ၂၀ဝ၉ မတ် ၆ ရက်နေ့မှာတော့ နာဆာက ကက်ပလာအာကာသအဝေးကြည့်မှန်ပြောင်း ကို လွှတ်တင်ခဲ့တယ်။
ကက်ပလာပေါ်မှ ကွန်ပျူတာတွေက ဒေတာတွေကို ၂ လတာ သိမ်းဆည်းပေးနိုင်တယ်။ ပြီးတော့ကမ္ဘာမြေသို့ ပြန်လည်ပို့ပေးတယ်။ နာဆာရှိ Server တွေက 60 terabyte အထိ စုဆောင်းနိုင် တယ်။ ကက်ပလာက အလင်းတန်းတွေကို တွက် ချက်တဲ့ 1 terabyte ကျော်ကို ပို့ပေးနိုင်တာကြောင့် ကက်ပလာနက္ခတ္တဗေဒပညာရှင်တွေ အတွက် ကမ္ဘာမြေမှ အလင်းနှစ် ၂၀ဝ၀ ခန့်ဝေးကွာတဲ့ ကက်ပလာ ၉ လို့ခေါ်တဲ့ ကြယ်ကိုလှည့်ပတ်နေတဲ့ ဂြိုဟ် ၂ လုံးကို တင်ပြနိုင်ခဲ့တယ်။ ဂြိုဟ်တွေဟာ သူ့ဂလက်ဇီရဲ့ စည်းမျဉ်းအရလှုပ်ရှားနေကြောင်း ကက်ပလာက ပြသခဲ့ တယ်။ ဒါပေမဲ့ ဒီဂြိုဟ်တွေမှာ သက်ရှိ ရှိ၊ မရှိ ဆိုတာကတော့ မရေရာသေးဘူး။ ၂၀၁၀ ပြည့်နှစ်မှာတော့ ဂြိုဟ်တွေ လှည့်ပတ်နေတဲ့ ကြယ် ၅၄ စင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်တယ်။ သိပံ္ပပညာ ရှင်တွေက တော့ ကမ္ဘာမြေနဲ့ သဘာဝချင်းတူတဲ့ ဒုတိယမြောက်ကမ္ဘာမြေကို ဆက်လက်ရှာဖွေ နေကြဆဲ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text