Friday, November 4, 2011

ဒရိုင်ဘာမလိုတဲ့ကား


news
ဘာလင်မြို့ရဲ့ လမ်းတွေမှာ သူ့ဘာသာသူ မောင်းနိုင် တဲ့ကားကို စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ v w  အမည်ရှိ ကားဟာဘာလင် ယူနီဗာစီတီမှ ကျွမ်းကျင်သူများ တီထွင်ထားကြတာဖြစ်ပါတယ်။ ကွန်ပျူတာက စတီယာရင်၊ ဘရိတ်၊ လီဗာတို့ကို ထိန်းချုပ်ထားတာဖြစ်ပြီး မီးပွိုင့်များ၊ အခြားကားများကို စောင့်ကြည့်ရန် စကန်နာ၊ ရေဒါ၊ ကင်မရာများလည်း ပါရှိပါတယ်။ လမ်းကြောင်းမှားနေ ကြောင်း တစ်မီတာအတွင်း သိရှိနိုင်တဲ့ အလွန်တိကျတဲ့ ဂျီပီအက်စ်စနစ်လည်း ပါရှိပါတယ်။ ထိုကားဟာ အလွန် Óဏ်ရည်မြင့်မားတဲ့အတွက် သူရဲ့ပတ်ဝန်းကျင်ကို မှတ် သားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ထိုကားမောင်းဖို့ ကားဒရိုင်ဘာတစ်ယောက် မလိုအပ်ဘူးလို့ပြောရင်တော့ ဦးနှောက်မရှိရာ ရောက်ပါလိမ့်မယ်လို့ ငြင်းခုံနေကြဆဲပါပဲ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text