ကျွှန်တော်တို့ အရှေ့ တောင်အာရှ ၊ အာရှတိုက်သား တော်တော်များများကတော့ ကုန်းပုတ်သင် နဲ့ နောက် ရေပုတ်သင်လောက်ပဲတွေ့ ဖူးကြလိမ့်မည် ဖြစ်ပါသည် ။ ကန္တာရ ပုတ်သင်ကတော့ ရှိကောင်း ရှိနိုင်ပါသည် သို့ ပေမယ့်မြင်ဖူးတဲ့သူ နည်းပါသည် ။ ပုတ်သင် ညိုလို့ ပြောလိုက်ရင် လူတိုင်းသိပါသည် ပုတ်သင်ညို ဟာအရောင်ပြောင်းတတ်တဲ့လူ မျိုးဖြစ်ပါသည် ။ အစိတ်အမျိုးမျိုး ပြောင်းတတ်သော လူများကိုလည်း ပုတ်သင်ညိုတွေနှင့် နှိုင်းတတ်ကြပါသည် ။ အခုလဲ ကန္တာရပုတ်သင်သည် အခြားသော ပုတ်သင်များနှင့် တူတာကတော့ တူပါသည် ။ ၄င်းမျိုးစိတ် ဂုဏ် ကိုထိန်းတာပေါ့နော် အရောင်ပြောင်းတတ်သည် ။ ကုန်းပတ်သင်တွေ နည်းတူ ခေါင်းအမြဲ ညိတ် တတ်ကာ မတူညီသော အချက် ကတော့ ကန္တာရပုတ်သင်သည် ကိုယ်ထည် ပေါ်တွင် အဆူးများပါ ရှိနေခြင်းဖြစ်ပါသည် အခြား ကုန်းပုတ်သင်များ ထက် အရောင်ကို ပတ်ဝန်းကျင်လိုက်ကာ ပိုမိုပြောင်းလဲတတ်သော အစွမ်း သတ္တိလည်း ရှိပါသည် ။ ကန္တာရ ပုတ်သင်ကတော့ ကုန်းပုတ်သင် ရေပုတ်သင်တွေထက် အတော်လေး ရုပ်ဆိုးတယ်။ ကျွှန်တော်တို့ အခုဖော်ပြတဲ့ ကန္တာရ ပုတ်သင်ကတော့ Australia မှ ဖြစ်ပါသည် ။ ပုတ်သင် မျိုးနွယ် ၀င်တွေကတော့ အိမ်မြှောင်၊ကင်းလိပ်ချော၊ဖွတ်၊ပုတတ်၊စသည်တို့ ဖြစ်ပါသည် ။ ယခုတွေ့ နေရတော့ Australian ပုတ်သင်ကိုတော့ ၄င်းဒေသတွင် Thorny Devil ဟုခေါ်ကြကြောင်း သိရပါသည် ။ အဘယ်ကြောင့် ထိုနာမည်ကိုခေါ် သည်ဆိုတာကိုတော့ ကျွှနိုပ်တို့ လဲအတိ အကျ မသိရပါ ။ ၄င်း ကန္တာရ ပုတ်သင်များ၏ မျက်နှာများသည် Devil ဆိုသည့် နာမည် နှင့်လိုက် အောင်ပါပဲခင်ဗျာ ။ Thorny Dragon ဆူးနဂါး များဟုလည်း ခေါ်ကြပါသေးသည် အခြားနာမည်တစ်ခု ဖြစ်ပါသည် ။ Mountain devil သည်လဲ ၄င်းတို့ နာမည်တစ်ခုဖြစ်ပါသည် ။ ယခု ကန္တာရ ပုတ်သင်များသည် အလျား 20 cm (8 in) အကောင် ကိုယ်လုံးရှိနိုင်ပြီးနောက် သက်တမ်း အနှစ် 20 ထိ အာဏာ ကုန်နေနိုင်ပါသည် ။ ၄င်းကိုယ်ခန္ဒာ အရောင်သည် အောက်တွင် မြင်ရသည့် အတိုင်း ပတ်ဝန်းကျင် နှင့် အတူနိုင်ဆုံး ပြောင်းလဲတတ်ပြီး ဆိုစွတ်သော ပုံသဏ္ဍန်လဲ ရှိပါသည် ။ ၄င်းတို့ အတွက် အစားအစာများ ကတော့ ပိုးမွှားများကိုသာ စားသောက်ပြီး အသက်ရှင်နေနိုင်ကြပါသည် ။
ကဲအခုတော့ အားလုံးပဲ ကန္တရ ပုတ်သင် လေးကို Australia အထိလဲသွားကြည့်စရာမလိုတော့ဘူး သူနဲ့ ပတ်သတ်တဲ့ အကြောင်းလေးတွေလဲ သိရပြီပေါ့နော် ကြောက်စရာတော့ကောင်းတယ်နော် ကျွှန်တော်ကတော့ ကြောက်တယ် ကုန်းပုတ်သင်ကော ရေပုတ်သင်ကော ပဲ အခု ဒီ ကန္တရ ပုတ်သင်ကို ပိုကြောက်သွားပါပြီ သူက ဟိုနှစ်ကောင် ထက်ရုပ်ဆိုးလိုက်တာနော် ။ လာရောက် အားပေးကြည့်ရှု ဖတ်ရှု ကြသူများကို ကျေးဇူးအထူးတင်ပါသည်။













No comments:
Post a Comment