Friday, November 18, 2011

ကြွက်တက်ခြင်း သက်သာစေတဲ့ ကမ္ဘာဦးသစ်ပင်အရွက်

ကြွက်တက်ခြင်း သက်သာစေတဲ့ ကမ္ဘာဦးသစ်ပင်အရွက်
ဂင်ဂိုဘီလိုဘာ (Ginkgo Biloba) ခေါ် ကမ္ဘာဦး သစ်ပင်ရွက်ကို လက်ဖက် ရည်ကြမ်းသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်စီးဆင်းမှုကို ပိုကောင်းစေပြီး ခြေထောက် ကြွက်တက်ခြင်းကို သက်သာစေပါတယ်။ ဒါမှမဟုတ် ဂင်ဂိုဘီလိုဘာဆေးတောင့်ပျော့ ၂တောင့်ကို တစ်နေ့ ၂ကြိမ် သောက်ပေးနိုင် ပါတယ်။ ကမ္ဘာဦးသစ်ပင်ရွက်ကို လက်ဖက်ရည်ကြမ်း သောက်မယ်ဆိုရင် ဒီလိုလုပ်ပါ။ ကမ္ဘာဦးသစ်ပင် အရွက်ခြောက် လက်ဖက်ရည်ဇွန်း ၂ဇွန်းစာထဲကို ပွက်ပွက် ဆူနေတဲ့ ရေနွေးလောင်းထည့်ပါ။ ၁၅ မိနစ်၊ ၂၀ မိနစ်ကြာ နှပ်ထားပြီး တစ်နေ့ ၃ ကြိမ်သောက်ပါ။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text