ရောဂါအမျိုးမျိုး၊ လက္ခဏာ အမျိုးမျိုးရှိသည်ဖြစ်ရာ အောက်ပါ တို့ ဖြစ်ပေါ်ခံစားနေရပါက အထူး သတိပြု ဆင်ခြင်ရန် လိုအပ်ပါသည်။ (၁) စားမဝင်၊ အိပ်မပျော်ခြင်း၊ (၂) ချွေးမထွက် သို့မဟုတ် ချွေးအထွက် လွန်ခြင်း၊ (၃) လျှာထူခြင်း၊ ဝမ်းချုပ် ခြင်း၊ ဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း သို့မဟုတ် ဆီးသွားလွန်ခြင်း၊ (၄) မျက်နှာနီရဲခြင်း သို့မဟုတ် ဖြူဖတ် ဖြူရော်ဖြစ်ခြင်း၊ သွေးသား ပြောင်း လဲခြင်း (၅) လက်သည်း၊ ခြေသည်း များ အပြာရောင်ဖြစ်ခြင်း၊ မွဲပြာပြာ အရောင်ဖြစ်ခြင်း၊ ဖြူခြင်း၊ အရောင် ဖျော့တော့တော့ဖြစ်ခြင်း၊ (နှလုံး အားနည်းခြင်း၊ နှလုံးရောဂါတို့၏ လက္ခဏာများဖြစ်၍ အထူးသတိပြု ရန်လိုအပ်သည်။) (၆) လူပင်ပန်းနွမ်း နယ်ခြင်း၊ မူးဝေခြင်း၊ (၇)မျက်စိပြာခြင်း၊ မှုန်ဝါးဝါးဖြစ်ခြင်း (၈) ရင်ပြည့် ရင်ကယ်ခြင်း၊ ပျို့အန်ချင်ခြင်း၊ အန်ထုတ်ခြင်း (၉)ခေါင်းကိုက်ခြင်း ၊ မအမီ သာဖြစ်ြခင်း (၁၀)ကိုယ်အပူချိန်၊ အပူရှိန်တက်လာခြင်း သို့မဟုတ် ကိုယ်အပူချိန်ကျဆင်းခြင်း၊ ခြေဖျား လက်ဖျားအေးစက်စက်ဖြစ်လာခြင်း အစရှိသော လက္ခဏာရပ်များထဲမှ တစ်ခု သို့မဟုတ် နှစ်ခုဖြစ်ပေါ်လာပါ က ဆရာဝန်၊ ဆေးခန်း၊ ဆေးရုံသို့ အမြန်သွားရောက်ပြသ သင့်ပါသည်
No comments:
Post a Comment