ရုရှားနိုင်ငံက ကမ္ဘာ့ ပထမဆုံး တိရစ္ဆာန်မှ လူသားသို့ အင်္ဂါအစားထိုးရန် အတွက် တိရစ္ဆာန် ဆဲလ်များ ရောင်းချဖို့ သဘောတူ လိုက်ပါတယ်။ ဒီအစားထိုး နည်းပညာကို နယူးဇီလန် နိုင်ငံမှာ Living Cell Technologies ဖြင့် ဖန်တီးခဲ့ပြီး ဆီးချိုရောဂါ ပထမအမျိုးအစားကို ကုသ နိုင်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။
ဆီးချိုရောဂါ ပထမ အမျိုးအစားဟာ ပန်ကရိယပ် အတွင်းရှိ အင်ဆူလင် ထုတ်လုပ်ပေးသော ဆဲလ်များ ပျက်ဆီးခြင်းကြောင့် ဖြစ်ပွားရပြီး၊ သွေးထဲမှ ဂလူးကိုစ့် အရေအတွက်ကို ထိန်းချုပ်ရန် အင်ဆူလင်ဟာ အဓိက ကျနေပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင် များဟာ နေ့စဉ် အင်ဆူလင် ထိုးပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အင်ဆူလင် ပမဏ မှားယွင်းထိုးမိပါက သတိလစ် မေ့မြောစေခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း နဲ့ အာရုံကြောများ ထိခိုက်ပျက်စီး စေနိုင်ခြင်း တို့ကြောင့် အသက် အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။
ရုရှားနိုင်ငံမှာ ဆီးချိုရောဂါ ဝေဒနာရှင် (၈) ဦးကို ဆဲလ်အစားထိုး စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး အင်ဆူလင် နေတိုင်း ထိုးပေးခဲ့ရာ တစ်နှစ်ခန့် အကြာတွင် ဝေဒနာရှင် (၆) ဦးရဲ့ သွေးအတွင်းမှ ဂလူးကိုစ့် ပမာဏကို ထိန်းချုပ်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
ယခု တိရစ္ဆာန်မှ လူသားသို့ အင်္ဂါအစားထိုး ရောင်းချမယ့် ဆဲလ်များတွင် ရေညှိနဲ့ အုပ်ထားတဲ့ အင်ဆူလင် ထုတ်ပေးနိုင်သော ဝက်များရဲ့ ဆဲလ်များ ပါဝင်ကြောင်းလည်း သိရှိရပါတယ်။


No comments:
Post a Comment