Saturday, November 19, 2011

ချောင်းဆိုးရင်ကျပ် သူများအတွက် ရွှံ့ရည်ပူ

 
 
စာအရေးအသား >> Blue
 

ချောင်းဆိုးရင်ကျပ် ရောဂါဝေဒနာ ခံစားနေရ သူများကို ပူနွေးသော ရွှံ့ရည်ဖြင့် ချိုးပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ကြောင်း သိရပါတယ်။ အဆုတ်ရောဂါ ဝေဒနာရှင်များဟာ ဆေးလိပ် သောက်ခြင်းကြောင့် အဆုတ်ပျက်စီးကာ အသက်ရှူရာမှာ ခက်ခဲမှုများ ဖြစ်ကြပါတယ်။ ဒီလို အသက်ရှူ ခက်ခဲခြင်းကို ပူနွေးတဲ့ ရွှံ့ရည် ချိုးပေးတဲ့အခါ အသက်ပြန်ရှူ နိုင်စေပြီး၊ အရိုးပွရောဂါ၊ အဆစ်အမြစ် ရောဂါ စတဲ့ နာတာရှည် ရောဂါများကိုလည်း သက်သာ ပျောက်ကင်းစေ နိုင်ကြောင်း သိရပါတယ်။
ကျန်းမာရေး သုတေသန ပညာရှင်များက အဆိုပါ ရွှံ့ရည်ထဲတွင် အိုင်အိုဒိုက် နှင့် ဘရိုမိုက် ကဲ့သို့ သတ္တုဓာတ်များ ပါဝင်ကာ ရေရဲ့ အပူဓါတ်ကိုပါ ပေါင်းစပ် အသုံးပြုခြင်းကြောင့် ရောဂါသက်သာ စေခြင်း ဖြစ်ကြောင်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ထိုသို့ ရွှံ့ရည်ပူဖြင့် ရေချိုး ပေးခြင်းဟာ ဆေးဝါးများ သောက်သုံးခြင်းလို ဘေးထွက် ဆိုးကျိုးများကို မဖြစ်ပွားစေ တဲ့အတွက် ဝေဒနာရှင်များ အတွက် သတင်းကောင်း တစ်ရပ် အဖြစ် တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text