Saturday, November 19, 2011

ဗိုက်ရွှဲ စေခြင်းရဲ့ တရားခံ

 
စာသားရေးသား >> Myanmar Weight Loss
 

ညစဉ် အိပ်ချိန် ၅နာရီနှင့် ၅နာရီ အောက်သာ ရှိသော အသက် ၄၀ အောက် လူငယ်များတွင် အိပ်ချိန် ပြည့်ဝသူများထက် ၀မ်းဗိုက်အဆီစုဆောင်းမှု ငါးနှစ်အတွင်း သိသိသာသာ များလာကြောင်း ကျန်းမာရေး သုတေသီများက တွေ့ရှိထားကြသည်။ ထို့ကြောင့် အိပ်ရေးမ၀ခြင်းသည် အ၀လွန်၍ ဗိုက်ရွှဲစေသည်ဟူသော သဘောတရားသည် မှန်ကန်ကြောင်း သက်သေ ဖြစ်စေခဲ့သည်။
သို့သော် တစ်ဖက်မှ လေ့လာချက်တစ်ရပ်မှလည်း အိပ်ချိန် ၈ နာရီနှင့် ၈ နာရီအထက် ရှိသူများသည်လည်း ဤကဲ့သို့ အ၀လွန်၍ ဗိုက်ရွှဲစေကြောင်း သိရှိရပြန်သည်။ ထို့ကြောင့် ဤသုတေသန ပြုလုပ်ချက်များ၏ ရလဒ်အနှစ်ချုပ်ကို တင်ပြရလျှင် ၀မ်းဗိုက်အဆီ တက်ရန် အခွင့်အလမ်း အနေဖြင့်
အိပ်ချိန် ၅ နာရီခန့်သာ ရှိသူများသည် ၃၂% ၊
၆ နာရီမှ ၇ နာရီ ရှိသူများသည် ၁၃% ၊
၈ နာရီရှိသူများသည် ၂၂% ရှိသည်ဟု သိရသည်။
ဤ ရလဒ်ကိန်းဂဏန်းများသည် အိပ်ချိန်ဟူသော အချက်တစ်ချက်တည်းအပေါ် မူတည်၍ တွက်ချက်ထားခြင်း ဖြစ်ပြီး အ၀လွန်စေသော အခြား အရေးပါသော အချက်များဖြစ်သည့် အစားအသောက် ပမာဏ၊ အမျိုးအစား၊ ကိုယ်လက်လှုပ်ရှားမှု အနည်းအများ၊ ပညာတတ်မြောက်မှုနှင့် ဆေးလိပ်သောက်မသောက် စသည့် အချက်များကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ အိပ်ရေးပျက်လျှင်။
၁၊ ကစီဓာတ်များအပေါ် ခုံမင်စေသော ဟော်မုန်း တစ်မျိုး ထွက်လာခြင်း
၂၊ အစားအသောက်ကို တင်းတိမ်စေသော ဟော်မုန်းတစ်မျိုး အထွက် နောက်ကျခြင်း
စသည့် အချက်များကြောင့် နေ့စဉ် အိပ်ချိန်နည်းခြင်းသည် အ၀လွန်ခြင်းကို အားပေးသည်ဟု မြောက်ဥက္ကလာပ ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦးက ပြောကြားသည်။
အိပ်ချိန်များလွန်းခြင်း နည်းလွန်းခြင်းတို့သည် အ၀လွန်ခြင်း၊ ဗိုက်ရွှဲခြင်းတို့အပေါ် တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်သော နည်းများဖြင့် ဆက်နွယ်နေလေရော တတ်နိုင်လျှင် အထက်ပါရလဒ်များအရ အိပ်ချိန် ၆ နာရီမှ ၇ နာရီကြား ထားလျှင် အကောင်းဆုံး ဖြစ်မည်ဟု ကျန်းမာရေးပညာရှင်များက ပြောဆိုကြသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text