Saturday, October 29, 2011

Real Steel (Boxing Game)

Real Steel
နာမည် တွေ့ရုံနဲ့တင် အားလုံး သိကြမှာပါ။ မကြာသေး ခင်ကမှ ထွက်ရှိထားတဲ့ ရုပ်ရှင် ကားလေးပေါ့။ လူသားတွေ နေရာမှာ အစားဝင်လာတဲ့ စက်ရုပ်လက်ဝှေ့သမားတွေ အကြောင်းကို  လူတွေနဲ့ ပေါင်းပြီး ကြည့်ကောင်း အောင်လို့ ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ အခု အဲဒီဇာတ်ကားလေး အတိုင်း စက်ရုပ်ကြီးတွေ လက်ဝှေ့ထိုးတဲ့ ဇာတ်ကို ယူပြီးတော့ Real Steel အမည်နဲ့ပဲ Game ထွက်လာပါပြီ။ ထွက်လာတဲ့ Real Steel ဟာ ရုပ်ရှင်လိုတော့ ဇာတ် လမ်းနဲ့ မဟုတ်ဘူး။ ဒီဂိမ်းဟာ Boxing ကို အသား ပေးထားတာပါ။
စက်ရုပ်ကြီးတွေအချင်းချင်း ထိုး သတ်ရမယ့် လက်ဝှေ့ဂိမ်းဆိုရင် ပိုမှန်ပါလိမ့် မယ်။ ကစားသူအနေနဲ့ စိတ်ကြိုက် စက်ရုပ် တစ်ရုပ်ကိုရွေးပြီးတော့ ပြိုင်ဘက် စက်ရုပ်တွေ နဲ့ ထိုးသတ်ရမှာပါ။ သင်က နည်းပြ၊ သင်က စက်ရုပ်၊ နိုင်ရင် ပိုက်ဆံရမယ်။ ရတဲ့ငွေနဲ့ စက်ရုပ်ကို ကြံ့ခိုင်မှုကောင်း အောင်လုပ်။ သန်မာအောင် လုပ်၊ နောက်ပြိုင်ပွဲကို သွား၊ ကိုယ့်ထက် သန်မာတဲ့ စက်ရုပ်ကြီး တွေနဲ့ ထိုးသတ် ရမှာဖြစ်တယ်။ ပြိုင် ပွဲတွေက အဆင့်မြင့်လာလေလေ ထိုးသတ်ရမယ့် စက်ရုပ်တွေ ကလည်း ပဲ အဆင့်မြင့်လာပြီးတော့ သန် မာလာလေလေပါပဲ။ ဒီတော့ နိုင်အောင် ထိုးသတ်ရင်း စက် ရုပ်ကြီးကို World Ranking 1 ဖြစ်အောင် လုပ်ပေး ရမယ့်ဂိမ်းပါ။
ကစားရတာရိုးတယ် လို့ ထင်စရာရှိပေမယ့် ရုပ်ရှင်ကြည့်ပြီးထားတဲ့သူ တွေအတွက်တော့ မသိ စိတ်ရဲ့စေစားမှုကြောင့် ကစားဖြစ် ဦးမှာပါ။ ကစားလာဖြစ်အောင်လည်း ဒီဂိမ်းရဲ့စက်ရုပ်တွေနဲ့ လှုပ်ရှားမှု တွေက ဆွဲဆောင် နေစေမှာကို အာမခံရဲပါတယ်။ စက်ရုပ်တွေက လည်း လှလှပပတွေရှိသလို တောင့်တောင့်တင်းတင်းနဲ့ Fighter လက်ဝှေ့ သမားစက်ရုပ် တွေလည်းပါတယ်။ သတ်လုံးသတ်ကွက်တွေကလည်း အမိုက်စားမှ တကယ့် အမိုက်စားပဲ။ အနိုင်ရ အောင် ကစားနိုင်လေလေ ပိုက်ဆံတွေ များများရလာပြီး ကိုယ့်စက်ရုပ်ကိုယ် ကျကျနနနဲ့ ရှယ်ပြင်၊ လက်တွေ၊ ခြေတွေ သန်အောင်လုပ်ရင်း ခြေရွေ့ ကွက်တွေနဲ့ ရွေ့လျားမှု မြန်အောင် လုပ်ကာ တစ်ဖက်က ထိုးစစ်ကိုပါ သွက်သွက်က လေးရှောင်တိမ်းနိုင်အောင်ပါ လုပ်လို့ ရတယ်။ ကစားရတဲ့ ဖီလင်ကို လည်း ခံစားရမှာပါ။
နည်းပြတစ်ယောက် ရဲ့ ခံစားချက်အပြင် စက်ရုပ် လက်ဝှေ့သမားဆီကရလာမယ့် အောင်မြင်မှုကိုပါ ခံစားရဖို့ ရှိနေနိုင်တဲ့ ဂိမ်းလေးပါ။ ရွေးချယ်စရာစက်ရုပ် တွေကတော့ သိပ်များများ စားစားမဟုတ်ပေမယ့် ပေး ထားတဲ့ စက်ရုပ်ရဲ့အရည်အ သွေးကို စက်ထဲမှာကောင်း အောင်လို့ ပြင်ယူရမှာက ကစားသူအနေနဲ့ လုပ်ဆောင် ရမယ့် တာဝန်ပါ။ ကစား ကြည့်လိုက်မှပဲ ကိုယ့်ကိုယ်ကို ဘယ်လောက်ဆုံးဖြတ်ချက်ချ နိုင်သလဲဆိုတာ သိလာပါ လိမ့်မယ်။ တစ်ခါတလေမှာ ဒီလို ဂိမ်းလေးတွေက ပျော် ရွှင်မှုပေးနိုင်တယ်။ စိတ်ထွက် ပေါက်ပေးနိုင်တယ် ဆိုတာပါပဲ။ သတိပေးချက် - XBox360 သီးသန့်နော်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text