လတ်တလောကာလ နိုင်ငံတကာ မိုးလေဝသ တိုင်းထွာချက် များအရ ပစိဖိတ် သမုဒ္ဒရာ အတွင်း လာနီညာ စောင့်ကြည့် ဧရိယာ လေးခုတွင် အပူချိန်များ ကျဆင်းနေသည့် အတွက် ယခုလပိုင်းအတွင်း လာနီညာ ဖြစ်မည်ဟု ခန့်မှန်းရသော်လည်း မြန်မာနိုင်ငံ အနေဖြင့်မူ အအေးပေါ့သော ဆောင်းကာလနှင့် ကြုံတွေ့ရ နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
"ဒီနှစ်ဆောင်းက ခါတိုင်းနှစ် တွေနဲ့မတူဘဲ အအေးဒဏ်ကို သိပ် ခံစားရဖို့ မရှိနိုင်ဘူး။ ဘာကြောင့် လဲဆိုတော့ ဒီနှစ်က လာနီညာနှစ် ဖြစ်ပေမယ့် ပစိဖိတ်ပင်လယ်သမုဒ္ဒ ရာရေတွေရဲ့ အပူချိန်ဟာ မြင့်တက် နေဆဲဖြစ်တဲ့အတွက် အယ်လ်နီညို ရာသီဥတုကို ကူးပြောင်းမယ့် လက္ခ ဏာမျိုးတွေ မြင်တွေ့နေရလို့ပဲ။ အယ်လ်နီညိုရာသီဥတုကို ပြောင်း၊ မပြောင်းဆိုတာက ဆောင်းရာသီရဲ့ လလယ်ဒီဇင်ဘာလကိုစောင့်ကြည့် ပြီးမှပဲ ပြောလို့ရမယ်"ဟု ၄င်းက ထပ်မံပြောသည်။
၂၀ /၂၀၁၁ အဖြစ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင်ကျင်းပသော ပညာရပ်ဆိုင်ရာဟောပြောပွဲတွင် ၄င်းက အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ ယင်း စောင့်ကြည့်ရမည့် လေး နေရာတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်မှာ ယခုအခါ အနုတ် ဝ ဒသမ ၅ မှ ၁ ဒသမ ဝ ဒီဂရီ စင်တီဂရိတ်အတွင်းကျဆင်းနေသော ကြောင့် အေးပြီးစွတ်ဆိုသော လာနီ ညာ ရာသီဥတုဖြစ်မည်၊ တစ်နည်း အားဖြင့်ဖြစ်နေပြီဟု ခန့်မှန်းရကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။ လာနီညာရာသီဥတု အင်အားပြင်း ထန်မည့်လမှာ ယခုနှစ်ကုန် ဒီဇင်ဘာ တွင်ဖြစ်မည်ဖြစ်ပြီး အားကောင်း သည့်အပေါ်မူတည်၍ မြန်မာနိုင်ငံသို့ အကျိုးသက်ရောက်မှု ရှိမည်ဖြစ် ကြောင်း ၄င်းကဆိုသည်။ အား ကောင်းပါက မြန်မာနိုင်ငံဘက်သို့ ရောက်ရှိလာမည်ဖြစ်ပြီး၊ ယခုခန့်မှန်း ချက်များတွင် အားအသင့်အတင့်မှ အားအနည်းငယ်သာရှိကြောင်း၊ သို့ အတွက်ကြောင့် လာနီညာရာသီဥတု ၏ ပင်ရင်းဒေသဖြစ်သော တောင် အမေရိကတိုက်၊ ပီရူး၊ အီကွေဒေါ နိုင်ငံများအဝန်းအဝိုင်းအတွင်းတွင်ပင် ရှိနေနိုင်ကြောင်း ၄င်းက ရှင်းလင်း ပြောကြားသည်။ မြန်မာနိုင်ငံသည် ထိုအဝန်းအဝိုင်း၏ အပြင်ဘက်တွင် ကျရောက်နေသောကြောင့် အေးပြီး စွတ်စိုသော ရာသီဥတုရှိမည်မဟုတ် ကြောင်း၊ ထို့အပြင် ယင်းနှင့် ဆန့် ကျင်ဘက်ဖြစ်သည့် ပူနွေးပြီး ခြောက် သွေ့သောရာသီဥတုနှင့် ဆောင်း ရာသီတွင် ကြုံတွေ့နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားခဲ့ သည်။
ယခု ဆောင်းရာသီတွင် အအေးပေါ့မည်ဖြစ်ပါက ဈေးကွက် အတွင်း ခြုံစောင်နှင့် အနွေးထည် ဝယ်လိုအားများ ကျဆင်းသွားနိုင် သည်ဟု အထည်ရောင်းဝယ်နေသူ များက သုံးသပ်ကြသည်။ ယခုနှစ် ဧပြီလ နွေဦးရာသီတွင် အချိန်အခါမဲ့ အေးပြီး မိုးရွာသွန်းမှုများ ဖြစ်ပေါ် လာခဲ့သဖြင့် ဈေးကွက်အတွင်းမီးနှင့် အနွေးထည်ဝယ်လိုအားများ တက် လာခဲ့ကြောင်း ၄င်းတို့က ထပ်လောင်း ပြောကြားသည်။ ဆောင်းနှင့် မိုးရာသီ ကာလများတွင် အလွန်အေးပြီး စွတ်စိုနေတတ်သော တောင်ပေါ် ဒေသအချို့တွင် ဆောင်းရာသီ ရောက်သည့်တိုင် ပူပြင်းခြောက်သွေ့ သည့် အနေအထားမျိုး ကြုံတွေ့နေရ သည်မှာ ဆယ်စုနှစ်တစ်စု ကြာပြီ ဖြစ်ကြောင်း တောင်ပေါ်ဒေသများ တွင် နယ်လှည့် ဆေးကုသနေသည့် ဝါရင့်ဆရာဝန်ကြီးတစ်ဦးက ဆိုသည်။ ထို့အပြင် လက်ရှိ ရာသီဥတု အခြေအနေအပေါ်မူတည်၍ ခန့်မှန်း ချက်များအရ ၂၀၁၂ ခုနှစ်သည် ပူပြင်းခြောက်သွေ့သော အယ်လ်နီ ညိုရာသီဥတုကျရောက် နိုင်ဖွယ်ရှိ ကြောင်း သုံးသပ်ပြောကြားသည်။

No comments:
Post a Comment