
3G LCD Monitor, 3D LCD TV, 3D LED Monitor များ ပြည်တွင်း တွင် ယခုနှစ် အတွင်း ဝယ်ယူ သူများပြားပြီး စိတ်ဝင် စားသူ ပိုမိုများပြား လာကြောင်း အီလက်ထ ရောနစ် အရောင်း ဆိုင်များမှ သိရ သည်။
အဆိုပါ 3D အီလက်ထရော နစ်ပစ္စည်း များသည် ပြည်တွင်း သို့ ၂၀၁၀ ခုနှစ် အတွင်းမှ စတင်ဝင် ရောက်လာခဲ့ပြီး ယခုနှစ် အတွင်း တွင် ကုမ္ပဏီအများစုမှ 3D ပစ္စည်း များကို Brand မျိုးစုံဖြင့် တင်သွင်း ရောင်းချ လျက်ရှိသည် ဟုဈေးကွက် အတွင်း မှ သိရသည်။ ယခုနှစ်အတွင်း နည်းပညာ ဖြင့် 3D ပစ္စည်း များကို ဝယ်ယူသူ များ ပိုမိုစိတ်ဝင်စားလာကြောင်း ဈေးကွက် အတွင်းရှိ အီလက်ထ ရောနစ် အရောင်းဆိုင်များက သိရ သည်။
LG ကုမ္ပဏီမှ Senior Supervisor ကိုဇွဲရန်မိုးမှ “3D LCD တွေ 3D TV တွေ က အခု နှစ်အတွင်း တော်တော်လေးရောင်း အားကောင်း တယ်လို့ ပြောလို့ရ တယ်အစ်ကိုတို့ဆီမှာ အရင်တုန်း က ဆိုရင်တော့ လာမေး တဲ့လူ တောင်သိပ် မရှိဘူး။ တစ်လတစ်လ ကို ၂၀ ရာခိုင်နှုန်းလောက်ပဲ ရောင်း ရတာ။ အခု နောက်ပိုင်း ကျတော့ ဈေးနှုန်းတွေ ကျလာတာ လည်း ပါ တယ်။ ဈေးနှုန်းတွေ ကလည်း ဒီပြင် LCD ဈေးတွေနဲ့ အရမ်းလည်း မကွာဘူး ဆိုတော့ နောက်ပိုင်းမှာ 3D ပစ္စည်းတွေကို လူတွေပိုသိ လာတယ် လို့ထင်တယ်။ သူက 3D LCD TV ဝယ်ရင်ကြည့်ဖို့ မျက် မှန်ပါတယ်။ 3D ခွေတွေ လည်း အခုနောက်ပိုင်းမှာ ဈေးသက် သက်သာသာနဲ့ ထွက်လာတာ များ တယ်။
နောက်ပိုင်းမှာ ဈေးနှုန်း တွေက ကျဖို့များတော့ ဒီထက်ပိုပြီး အသုံးပြုနိုင်ကြမယ် ထင်တယ်” ဟု ပြောသည်။ View Sonic မှ မစုစုထွေးက “အစ်မတို့ဆီမှာက 3D LCD monitor တွေနဲ့ 3D LED TV တွေက View Sonic Brand ပဲရှိတာ။ အရင်တုန်းကတော့ 3D LCD တွေကို သိတဲ့လူမရှိတာ လည်းပါမယ် အခုဆိုရင်တော့ အ များစုက 3D ပစ္စည်းတွေကို အသုံးပြုလာတာ တွေ့ရတယ်။ အရင်ကထက် စာရင်လည်း ပို ရောင်းရတယ်။ နေ့တိုင်းတော့ မ ဟုတ်ဘူးပေါ့။ ဒီ 3D LCD, 3D monitor တွေကျတော့ ကျနမ တွေက နည်းနည်းရွေးတယ်။ သူ ကျတော့ သုံးနေကျ LCD တွေနဲ့ မတူတာလည်း ပါတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူသိ များပြီး အရောင်းသွက်လာပါတယ်” ဟုပြောသည်။ 3D LCD TV နှင့် 3D LCD monitor များနှင့် 3D LED TV များသည် နောက်ပိုင်းတွင် လူသိ များပြီး စိတ်ဝင်စားမှု ပိုမိုများလာ သည်။ ဈေးနှုန်းမှာ ပစ္စည်းအမျိုး အစားပေါ်မူတည်၍ ၃သိန်း မှ ၅ သိန်းကျော်ထိရှိကြောင်း သိရ သည်။

No comments:
Post a Comment