သူမဟာအလွန်ကို ပိန်ပါတယ် ။ သူမရဲ့ ဆိုးရွားတဲ့ အခြေအနေကို ကာကွယ်ဖို့နဲ့ ကိုယ်အလေးချိန်တိုးလာဖို့ ၊ ကျန်းမာစွာရှင်သန်နိုင်ဖို့ ၊ နေ့စဉ် အစားအစာအနည်းငယ်စီကို တနေ့ အကြိမ် 60 စာ ( 5000-8000 calories ) ခန့် စားပေးရပါတယ် ။
Lizzie က ဆိုပါတယ် ။ ( ကျမ ကိုယ် ကျမ ပုံမှန် အလေးချိန် စစ်ဆေးပါတယ် ။ အကယ်လို့ ကျမ ကိုယ်အလေးချိန် တပေါင်လောက် တိုးလာရင်ကို အရမ်းစိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ် ။ ကျမ ၁၅ မိနစ် ကနေ မိနစ် ၂၀ ကြာတိုင်း တခါ အစားစားပါတယ် ။ ကျမ ခွန်အားကို တိုးမြှင့်စေဖို့ ပါ ။ ကျွပ်ကျွပ်ကြော် ၊ သကြားလုံး ၊ ချောကလက် ၊ ပီဇာ ၊ ကြက်သား ၊ ကိတ်မုန့် ၊ ဒိုးနတ် ၊ ရေခဲမုန့် ၊ ခေါက်ဆွဲ နဲ့ ပေါက်ပေါက်ကြော် တွေကို တနေကုန် စားပါတယ် ။ ကျမကိုလူတွေ မြင်တဲ့ အခါတိုင်း လူတွေရဲ့ အံ့အားသင့်မှုကို ခံရပါတယ် ။ သူတို့က ကျမကို anorexic ဖြစ်နေတယ်လို့ ထင်ကြပါတယ် ။ ( anorexic = ကိုယ်အလေးချိန်လျော့ရန် အစာ မစားဘဲနေရာမှ ခံတွင်းပျက်သွားခြင်း ) ကျမ ကို မသိသေးတဲ့ သူတွေနဲ့တွေ့ရင် ကျမဟာ anorexic ဖြစ်နေတာ မဟုတ်ဖူးလို့ ပြောပြရပါတယ် ။
Lizzie မှာ အသက် 12 နှစ်ရှိတဲ့ Chris ဆိုတဲ့ မောင်တယောက်နဲ့ , အသက် 15 နှစ် ရှိတဲ့ Marina ဆိုတဲ့ ညီမတယောက် ရှိပါတယ် ။ သူတို့ ၂ ယောက်က တော့ ပုံမှန်ပါပဲ ။ သူမကိုတော့ လေးပတ် စောပြီး မွေးခဲ့တာပါ ။ မွေးဖွားစဉ်က အလေးချိန် 2 ပေါင်နဲ့ 10 အောင်စပဲ ရှိပါတယ် ။
Lizzie ရဲ့ မိဘတွေက ဆိုပါတယ် ။ ( ဆရာဝန်တွေက ကျမတို့ကို ပြောပါတယ် ။ သူတို့ Lizzie ကို ဆက်ရှင်သန်ဖို့ ဘယ်လိုလုပ်ပေးရမယ်ဆိုတာ မသိပါဘူး တဲ့ ။ Lizzie ဟာ ဘယ်တော့မှ လမ်းလျောက်နိုင်မှာမဟုတ်ဖူး ။ စကားပြောနိုင်မှာမဟုတ်ဖူး ။ သာမာန်ကလေးတယောက်ရဲ့ ဘ၀ ရမှာမဟုတ်ဖူး လို့ ။ အရုပ်ဆိုင်က အရုပ်အတွက် ရောင်းတဲ့ အ၀တ်အစားတွေကို ၀ယ်ခဲ့ရပါတယ် ။ ဘာလို့လဲ ဆိုတော့ ကလေးအ၀တ်အစားတွေက Lizzie အတွက် အရမ်းကြီးနေလို့ပါ ။ )


Lizzie ရဲ့ ဦးနှောက် ၊ အရိုး ၊ အတွင်းအင်္ဂါတွေက ပုံမှန် ကြီးထွား ဖွံ့ထွားလာပါတယ် ။ ဒါပေမယ့် Lizzie ဟာ သေလုမျောပါး ၂ ကြိမ်ဖြစ်ခဲ့ဖူးပါတယ် ။ အသက် 16 နှစ်မှာ ပန်ကရိယ ပုံမှန်အလုပ်မလုပ်တော့ တာ တကြိမ် ။ အသက် 19 နှစ်မှာ သွေးနီဥတွေ မပွားတော့ပဲ သွေးအားနည်းရောဂါ အမြင့်ဆုံး အခြေအနေကိုရောက်ခဲ့ပါတယ် ။
Lizzie ကို အညိုရောင်မျက်လုံး တွေနဲ့ မွေးဖွားခဲ့တာပါ ။ ဒါပေမယ့် သူမ အသက် လေးနှစ်မှာ ညာဘက်မျက်လုံးက အရောင်ပြောင်းလာပါတယ် ၊။ မြင်လဲ မမြင်ရတော့ဘူး ဖြစ်လာပါတယ် ။


သူမကို လေ့လာဆေးသုတေသန ပြုနေတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် Professor Garg က Lizzie ရဲ့ ရောဂါဟာ Neonatal Progeroid Syndrome (NPS) လို့ သတ်မှတ်ပါတယ် ။ အိုမင်းရင့်ရော်မှု မြန်တဲ့ ရောဂါ လို့ ဆိုပါတယ် ။ သူမရဲ့ မျက်နှာနဲ့ ကိုယ်က အဆီတွေက အလွယ်တကူ ပျောက်ဆုံးကုန်ပြီး တစ်ရှူးတွေကလဲ အသစ်ပြန်ဖြစ်ဖို့ ခဲယဉ်းနေတာလို့ ဆိုပါတယ်


အစားတွေ အများကြီးစားပြီး ကိုယ်အလေးချိန် မတိုးစေချင်တာ လူအများစုရဲ့ အိမ်မက်ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် အခုလို အခြေအနေမျိုးတော့ ဖြစ်ချင်မယ် မထင်ပါဘူး ။





No comments:
Post a Comment