Eleven Media Group

အင်္ဂလန်တွင် ကျောင်းတက်ပြီး အခြေချနေထိုင်သွားသူ မြန်မာများမှ မြန်မာ စားသောက်ဖွယ်ရာ ဆိုင်များကို မြန်မာအမည် နာမများဖြင့် ဖွင့်လှစ်ရောင်း ချခြင်းများ ရှိနေသည်ဟု သိရှိရပါသည်။လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုမှ စတင်ကာ မြန်မာများအင်္ဂလန်သို့ ကျောင်းသားဗီဇာဖြင့် အသီးသီးထွက်ခွာ၍ ကျောင်းပြီးသောအခါ ယင်းနိုင်ငံ၌ပင် အခြေချနေထိုင်ခဲ့ကြပြီး မြန်မာအမည်ဖြင့် မြန်မာအစားအစာဆိုင်များ ဖွင့်လှစ်ရောင်းချလာခဲ့သည်ဟု သိရှိရပါသည်။
လန်ဒန်တွင်မြန်မာအမည်ဖြင့် စားသောက်ဆိုင်ဖွင့်ထားခြင်းကို''လန်ဒန် မြို့ ဟီသရိုးလေဆိပ်နားမှာ မြန်မာ အမည်နဲ့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ အခု အင်္ဂလန်မှာမြန် မာတွေ တော်တော်များလာတယ်။ ကော်ဖီဆိုင်တို့၊ စားသောက်ဆိုင် တို့လည်းရှိတယ်''ဟု အင်္ဂလန်သို့ အလည်အပတ်သွားခဲ့သူ Westfield မှ ဦးမျိုးသိန်းထွန်းက ပြောကြားခဲ့ပါသည်။
အင်္ဂလန်တွင်အခြေချနေထိုင် ခဲ့သူအများစုမှာ ယင်းနိုင်ငံရှိ စား သောက်ဆိုင်၊ ကော်ဖီဘားများတွင် အများစုဝင်ရောက်လုပ်ကိုင်နေကြ ခြင်းများရှိကြပြီး ထိုနိုင်ငံတွင်မြန်မာ အများစုရှိရာနေရာများ၌ မြန်မာ အစားအစာဆိုင်များဖွင့်လှစ်ရောင်းချ လာခဲ့ကြသည်။
ယခုအခါ မြန်မာအများစုမှာ အင်္ဂလန်ရှိတက္ကသိုလ်၊ ကောလိပ် များသို့ကျောင်းသားများပို့ဆောင် ရာတွင်နေအိမ်အခန်းများစီစဉ်ထား ရှိသည့်အစီအစဉ်များလည်းရှိလာခဲ့ ကြသည်။
အင်္ဂလန်နိုင်ငံတွင်မြန်မာများ အခြေချနေထိုင်မှုနှင့်ပတ်သက်၍''အခု မြန်မာတွေ စင်ကာပူလိုပဲ အင်္ဂလန်မှာ လည်းတဖြည်းဖြည်းအခြေချနေထိုင် မှုတွေ များလာပြီ။ အင်္ဂလန်ကို ကျောင်းသွားတက်တဲ့ပမာဏကလည်း နည်းနည်း များလာတယ်။ မြန်မာ ကျောင်းသားဈေးကွက်ကိုအင်္ဂလန်က ဦးတည်လာတဲ့သဘောပဲ''ဟုအင်္ဂလန် ပညာရေးကျွမ်းကျင်သူကဆိုသည်။

No comments:
Post a Comment