Sunday, October 23, 2011

အင်တာနက်သုံးစွဲမှုများ နှေးကွေး ပြတ်တောက်နိုင်ကြောင်း

SEA-ME-WE 3 ရေအောက် အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် ထိုကဲ့သို့ အင်တာနက်လိုင်းများ နှေးကွေးပြတ်တောက်ခြင်းဖြစ်ပြီး ပုံမှန်ပြန်လည် ကောင်းမွန်လာရန် တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြင်ဆင်လျှက်ရှိ
အင်တာနက်သုံးစွဲမှုများ နှေးကွေး ပြတ်တောက်နိုင်ကြောင်း

ရတနာပုံတယ်လီပို့မှ ဝန်ဆောင်မှုပေးလျက်ရှိသော အင်တာနက်လိုင်းများ နှေးကွေးပြတ်တောက်နိုင်သည်ဟု အင်တာနက်သုံးစွဲသူများသို့ အသိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍  SEA-ME-WE 3 ရေအောက် အင်တာနက်ဆက်ကြောင်း ချို့ယွင်းမှုကြောင့် ထိုကဲ့သို့ အင်တာနက်လိုင်းများ နှေးကွေးပြတ်တောက်ခြင်းဖြစ်ပြီး ပုံမှန်ပြန်လည် ကောင်းမွန်လာရန် တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြင်ဆင်လျှက်ရှိကြောင်း ရတနာပုံတယ်လီပို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ SEA-ME-WE 3 ရေအောက် အင်တာနက်ဆက်ကြောင်းအား ပြုပြင်နေစဉ်အတွင်း အင်တာနက်သုံးစွဲမှုများ နှေးကွေးနိုင်ပြီး ရံဖန်ရံခါ ပြတ်တောက်မှုများ ရှိနိုင်ကြောင်း သိရသည်။ SEA-ME-WE 3 အား ပြင်ဆင်နေမှု အခြေအနေများကို ရတနာပုံတယ်လီပို့ အနေနှင့် ဆက်လက် အသိပေးထုတ်ပြန်သွားမည်ဟုဆိုသည်။

အွန်လိုင်းတွင် ထုတ်ပြန်ထားသည့် ရတနာပုံတယ်လီပို့၏ အသိပေးချက်


No comments:

Post a Comment

 

Sample text

Sample Text

Sample Text