Sunday, October 23, 2011

အိမ်မှာတင် ပြုလုပ်ပေး နိုင်တဲ့ မိတ်ကပ်များ

Health Digest
အိမ်မှာတင် ပြုလုပ်ပေး နိုင်တဲ့ မိတ်ကပ်များ
သင့်ရဲ့ အိမ်မှာ ဆေးဝါးထည့် သေတ္တာ သို့မဟုတ် စားစရာ အမျိုး မျိုး သို့မဟုတ် အလှကုန် ပစ္စည်း အမျိုး မျိုးထည့် ထားတဲ့ ကြောင်အိမ်၊ ရေခဲ သေတ္တာ တစ်ခု မဟုတ် တစ်ခုတော့ ရှိနေပါ လိမ့်မယ်။ အဲဒီအထဲက ပစ္စည်း တွေနဲ့ အိမ်မှာတင် မိတ်ကပ်ပြုလုပ် နည်းကို ဒီတစ်ပတ် ဖော်ပြလိုက်ရပါ တယ်။ မိမိလိုအပ်တဲ့ နှုတ်ခမ်းနီ အရောင်တစ်မျိုးမျိုး ဒါမှမဟုတ် အိုင်း ရှဲဒိုးအရောင် ဒါမှမဟုတ် မျက်နှာလိမ်း ပေါင်ဒါ တစ်ခါသုံးစာ လေး အတွက်နဲ့ အလှကုန်ကောင်တာတွေဆီသွားပြီး ငွေကုန်ကြေးကျခံစရာ မလိုတော့ပါ။ ဘယ်အလှ ကုန်အမျိုးအစား ဝယ်မလဲ ဆိုတာလည်း ခေါင်းစားစရာ မလိုတော့ ဘဲ သင့်ရဲ့ မီးဖိုချောင် သို့မဟုတ် ဆေး ဗီရိုထဲမှာရှိတဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီး မိမိလိုအပ်တဲ့ အလှ ကုန်ကို ပြုလုပ်နိုင်ပါပြီ။
၁။ နှုတ်ခမ်းလေးအတွက် မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းတွေနှင့် နှုတ်ခမ်းဆိုး ဆေးအရောင် အမျိုးမျိုးကို လုပ်ပေးနိုင်ပါတယ်။ ဥပမာ-မင်သီး၊ ဘယ်ရီသီး၊ ဒန်းရွက်၊ သလဲသီး၊ ရက်စ်ဘယ်ရီသီး၊ ဘလက် ဘယ်ရီသီး၊ နဂါးမောက်သီး ခရမ်းရင့်ရောင် စသည် တို့ကို အသုံးပြုပြီး မိမိလိုအပ်တဲ့ နှုတ်ခမ်းဆိုးဆေး အရောင်ကို ပြုလုပ် လို့ရပါတယ်။ မိမိနှစ်သက်ရာအသီးကို Petroleum Jelly ဒါမှ မဟုတ် သံလွင်ဆီ အနည်းငယ်နှင့် သမအောင် မွှေပြီး နှုတ်ခမ်းသားလေးများကို လိမ်းပေးပါ။ ထိုသို့လိမ်းရာတွင် သွား နှင့် နှုတ်ခမ်းဘေးဖက်ကို မပေကျံစေ ရန်အထူးသတိပြုပါ။သင့်မှာ Lip Gloss သို့မဟုတ် Lip Balm မရှိလို့လည်း စိတ်မပျက်ပါနှင့်။ အလွယ်ကူဆုံးက သင့်ဆေးဗီရိုထဲက ဗီတာမင် E ဆေး တောင့်လေး (ငါးကြီးဆီကဲ့သို့ အ တောင့်) တစ်တောင့်အား ဖောက် လိုက်ပြီး အရည်ကို ညှစ်ထုတ်ကာ သင်ဆိုးထားသည့် နှုတ်ခမ်းနီပေါ်မှာ သုတ်လိမ်းလိုက်ပါ။ သင့်နှုတ်ခမ်း သားများအား စိုပြည်စေရုံမျှမက တောက်ပဝင်းလက် နေစေမှာဖြစ်ပါ တယ်။ သံလွင်ဆီ သို့မဟုတ် Petroleum Jelly တစ်မျိုးမျိုးကိုပါ သုံးပေးနိုင်ပါတယ်။
၂။ မျက်လုံးလေးများအတွက် မျက်လုံးအလှကုန်ပစ္စည်းတွေ အသုံးပြုတဲ့အခါ သတိထားဖို့လို တာကတော့ မျက်ခွံလေးတွေနဲ့ မျက် လုံးလေးတွေကို ကသိကအောက်မဖြစ် စေဖို့ပါပဲ။ ယခုခေတ်မှာ အသုံးပြုနေ ကြတဲ့ အလှကုန်တွေက များသော အားဖြင့် အရည်ပုံစံအဖြစ် ထုတ်လုပ် ထားကြပါတယ်။ အရည်ဆိုတာ ပေါင် ဒါအမှုန့်တွေကို အရည်ဖျော်ထားတာ ပါပဲဆိုတဲ့ အခြေခံအချက်ကိုတွေးကြည့် လိုက်ရင်ပိုရှင်းလင်းသွားမှာဖြစ်ပါတယ်။ အစားအစာများထဲမှာထည့်သွင်းလေ့ရှိ တဲ့ အရောင်ဆိုးဆေးမှုန့် Coloring Agent တစ်ခုခုကို အမွှေးနံ့မပါတဲ့ ကလေးပေါင်ဒါမှုန့်တစ်ကော်စာနှင့် ရောသမမွှေလိုက်ပါ။ ပြီးရင် ပက်ထရို လီယမ်ဂျယ်လီ ဒါမှမဟုတ် ဗီတာမင် E ဆေးတောင့်ကို ဖောက်ထည့်ပြီး သမအောင် ရောမွှေ လိုက်ပါက အိုင်းရှဲဒိုးခရင်မ် ကောင်းကောင်းလေး ရရှိနိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ် လေ့ရှိသူများဆိုလျှင် မိမိနှင့် ဓာတ် တည့်တဲ့ ဆိုးဆေးအမှုန့် သို့မဟုတ် သစ်သီးတစ်မျိုးမျိုးရဲ့ အရောင်နှင့် ပေါင်ဒါတို့ကို အသုံးပြုသင့်ပါတယ်။ အသုံးပြုပြီး ပိုနေတဲ့ အိုင်းရှဲဒိုးခရင်မ် တွေကို ရေခဲသေတ္တာထဲထည့်ကာ သိမ်းဆည်းထားနိုင်ပါတယ်။ တစ်ခါ ကြိုးစားပြုလုပ်ရုံဖြင့် သဘောပေါက် သွားပါလိမ့်မယ်။
၃။ မျက်နှာလေးအတွက် မျက်နှာလိမ်းပေါင်ဒါအတွက်ဆို ရင် အနံ့မပါတဲ့ ကလေး(ဘေဘီ) ပေါင်ဒါကို ပေါင်ဒါအဖြစ် အသုံးပြုသင့် ပါတယ်။ ဘေဘီပေါင်ဒါတစ်ကော်စာ ကို လက်ဖဝါးထဲ ထည့်ပြီး မိတ်ကပ် ရိုက်တို့ပတ်နှင့် တို့၍ အနည်းငယ် ဖိသိပ်ကာရိုက် ပေးနိုင်ပါတယ်။ တို့ပတ် မရှိပါက ဂွမ်းလုံးလေးဖြင့် ဖိ၍ တို့ပေး ပါ။ ပြီးရင် ညှိပေးလိုက်ခြင်းဖြင့် မှိုတက် နေသလို၊ မြေဖြူမှုန့်တွေ ရိုက်ထား သလို မဖြစ်စေတော့ပါ။ ပါးလေးတွေ နီစေလိုပါက စတော်ဘယ်ရီ ဒါမှမ ဟုတ် ခရမ်းချဉ်သီး အနှစ်လေးများကို ပေါင်ဒါနှင့် ရောမွှေပြီး လိမ်းနိုင်ပါသေး တယ်။အိုင်းရှဲဒိုးကို ပေါင်ဒါနှင့် ရောစပ်ပြီး လည်းပါးနီ အဖြစ် အသုံးပြုနိုင်ပါ သေးတယ်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text