Planet Myanmar ဝက်ဘ်ဆိုက်မှ ပြည်တွင်း၊ ပြည်ပ သတင်းများနှင့် အင်္ဂလိပ်-မြန်မာ Online Dictionary တို့ကို Android application များအဖြစ် အခမဲ့ ရယူသုံးစွဲနိုင်ပြီ ဖြစ်သည်။ News application တွင် Planet Myanmar မှ နေ့စဉ်တင်ဆက်နေသည့် နိုင်ငံတကာ၊ အနုပညာရေးရာ၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ၊ မိုဘိုင်း၊ ကျန်းမာရေး အစရှိသည့် သတင်းများကို မိမိ၏ Android OS သုံး device များတွင် အလွယ်တကူ ဖတ်ရှုနိုင်မည်ဖြစ်သည်။
ထို့အပြင် သတင်းများကို မိမိနှစ်သက်ရာ ကဏ္ဍအလိုက်လည်း ရွေးချယ်ဖတ်ရှုနိုင်ပြီး Facebook တွင်လည်း sharing ပြုလုပ်နိုင်မည် ဖြစ်သည်။ Dictionary application သည် Planet Myanmar ဝက်ဘ်ဆိုက်၏ အွန်လိုင်း dictionary ကို အသုံးပြုနိုင်မည်ဖြစ်ပြီး ဝေါဟာရစာလုံး အရေအတွက် ၂၄,၀၀၀ ပါဝင်သည်။ အဆိုပါ application တို့ကို Google ၏ Android market တွင် ရယူနိုင်ပြီး Android OS သုံး device များတွင် အလွယ်တကူ install ပြုလုပ်သုံးစွဲနိုင်မည် ဖြစ်သည်။
Planet Myanmar News Android application : https://market.android.com/details?id=com.planetmyanmarnews
Planet Myanmar Dictionary Android application : https://market.android.com/details?id=com.ppshein.PlanetDictionary
Planet Myanmar News Android application Screenshots

Planet Myanmar Dictionary Android application Screenshots

No comments:
Post a Comment