Saturday, October 15, 2011

ထူးဆန်းစွာ အိုမင်းသွားသည့် ဗီယက်နမ်အမျိုးသမီးကို ပညာရှင်များ ကူညီမည်



ဗီယက်နမ် တောင်ပိုင်းမှ ဆေး ဘက်ဆိုင်ရာ ပညာရှင် များသည် ညတွင်းချင်း အသားအရေ လုံးဝရှုံ့တွ သွားသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ကူညီရန် ကမ်း လှမ်းခဲ့ ကြောင်း ဒေသခံ မီဒီယာများ က အောက်တိုဘာ ၅ ရက်တွင် ဖော်ပြခဲ့ကြသည်။Thoi Tre သတင်းစာက အောက်တိုဘာ ၂ ရက်တွင် သူမ ဓာတ်ပုံကို ဖော်ပြ ပြီးနောက် ဟိုချီမင်း စီးတီးရှိ ဆေးရုံ သုံးရုံက ငုယင်သီဖောင်အား အကူ ညီပေးမည်ဟု ကမ်းလှမ်း ခဲ့သည်။ သူမ၏ အရေပြားသည် ရှုံ့တွသွား ခဲ့သည်။ သို့သော် ဆံပင်မည်းနက် နေပြီး ငယ်ရွယ်သည့် အမျိုးသမီး တစ်ဦးပုံစံပေါ်နေဆဲရှိသည်။ သူမ ၏အခြေအနေသည် ဒေသခံ ဆရာ ဝန်များအား ဦးနှောက်စားစေခဲ့ သည်။Tnoi Tre သတင်းစာက 'ဖောင'သည် ၂၀ဝ၈ ခုနှစ်တွင် ပင်လယ် အစားအစာစားပြီးနောက် မျက်နှာတွင် အနီကွက်များထွက် လာခဲ့ကြောင်း၊ ရောဂါအတွက် အရေပြားရောဂါဆေးများ သောက် ခဲ့ကြောင်း၊ ဆေးသောက်ပြီး တစ် ပတ်အကြာတွင် မျက်နှာရောင်ယမ်း လာပြီး အရေပြားပေါ်တွင် အဖု အပိန့်များထွက်လာကြောင်း ဖော်ပြ ခဲ့သည်။ ဖောင်၏ခင်ပွန်း ငုယင်သန်တူ ယင်က"ကျွန်တော်တို့လက်ထပ် ချိန်ကဖောင်ဟာလှပတဲ့မိန်းကလေး တစ်ဦးပါ။ အိမ်ထောင်ရေးကိစ္စဆို တော့ ပွင့်ပွင့်လင်းလင်းပြောဖို့ ခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဇနီးဖြစ်သူ အပေါ် ကျွန်တော် ချစ်နေတုန်းပါ"ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text