အမေရိကန်တွင် လူ့ဦးနှောက်ကို ဖျက်ဆီးစားသောက်သည့် အမီးဘားပိုးတွေ့ရှိ
ကျန်းမာရေး အာဏာပိုင်များက ထိုသူ၏အိမ်တွင် တပ်ဆင်ထားသော သောက်ရေစနစ်အတွင်း အဆိုပါ အမီးဘား ပိုးမွှားကို ရှာဖွေ တွေ့ရှိခဲ့

၎င်းတို့နှစ်ဦးလုံးသည် ရှားပါးလှသော ရောဂါပိုးတစ်ခု၏ ဖိစီးနှိပ်စက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဟု ကျွမ်းကျင်သူများက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဦးနှောက် အစိတ်အပိုင်းများကို စားသောက်သည့် ရေနေ အမီးဘား ပိုးကောင်တစ်မျိုးကြောင့်ဟု သိရှိရသည်။ ချာတိတ်လေးသည် အပျော်ငါးဖမ်းခရီးတွင် သောက်ခဲ့သောရေ၌ အဆိုပါပိုးမွှား ပါသွားသည်ဟု ယူဆရဖွယ်ရှိသည်။ အလားတူ ဦးနှောက်စား အမီးဘားပိုးကောင်ကြောင့် နောက်ထပ် သေဆုံးမှု ရှိမရှိကိုမူ ကွဲကွဲပြားပြား မသိရသေးပေ။ ဇွန်လအတွင်းကလည်း အမေရိကန်တွင် အမျိုးသားတစ်ဦး ယင်းပိုးမွှားကြောင့် သေဆုံးခဲ့သေးသည်။ ကျန်းမာရေး အာဏာပိုင်များက ထိုသူ၏အိမ်တွင် တပ်ဆင်ထားသော သောက်ရေစနစ်အတွင်း အဆိုပါ အမီးဘား ပိုးမွှားကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment