
ကိုလံဘီယာတွင် မူးယစ်ဆေး ၇ တန်ထက်မနည်း သယ်ဆောင်နိုင်သော ရေငုပ်သင်္ဘောတစ်စင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၁၆ မီတာ (၅၂ ပေ) ရှည်သော အဆိုပါရေငုပ်သင်္ဘောသည် အဆင့်မြင့်လမ်းညွှန်စနစ်များ တပ်ဆင်ထား ပြီး လူ ၅ ဦးထိ လိုက်ပါနိုင်ကာ ဒေါ်လာ ၂ သန်းခန့် တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ FARC သူပုန် များပိုင်ဆိုင်သည့် အဆိုပါရေငုပ် သင်္ဘောသည် မူးယစ်ဆေးများ ပထမဆုံးအကြိမ် တင်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ပစိဖိတ်ဆိပ်ကမ်း၊ ဗျူနေဗင် တူရာမြို့အနီးတွင် ရေငုပ်သင်္ဘော ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး မကြာ သေးမီနှစ်များအတွင်း ကိုလံဘီယာ တွင် ဖမ်းဆီးရမိသော မူးယစ်ဆေး ၀ါးသင်္ဘောများထဲတွင် အကြီးဆုံး တစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ကိုလံဘီယာသည် ကမ္ဘာတွင် ကိုကင်းကုန်သွယ်မှု အတွက် ဗဟိုချက်ဖြစ်ပြီး မက္ကဆီကို၊ ဗဟိုအမေရိကတို့သို့ ရေလမ်း၊ ကုန်းလမ်းဖြင့် မူးယစ်ဆေးများမှောင် ခိုတင်ဆောင်ကြသည်။ ကိုလံဘီယာသည် ဥရောပကို ကင်းများအတွက် လည်းအဓိကအရင်းမြစ်တစ်ခုလည်း ဖြစ်သည်။

No comments:
Post a Comment