Saturday, October 1, 2011

တရုတ် မြေအောက်ရထား မတော်တဆမှု လူ ၂၇၁ ဦး ဒဏ်ရာ ရရှိ

တရုတ် နိုင်ငံ ရှန်ဟိုင်းမြို့တွင် အင်္ဂါနေ့က မြေအောက်ရထား နှစ်စီး တိုက်မိခဲ့သဖြင့် လူပေါင်း ၂၇၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင့် မြို့တော် အစိုးရမှ ထုတ်ပြန် ပြောကြားလိုက်ကာ မကြာသေးမီကမှ ဖြစ် ပွားခဲ့ရသည့် မြန်နှုန်းမြင့် ရထားတိုက်မှု အပြီးတွင် နောက်ထပ် မတော်တဆမှု တစ်ခု ထပ်မံ တိုးလာရပြန်ပြီ ဖြစ်သည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရထားပြေးဆွဲနေသည့် Shanghai Metro Company မှ ပြောရာ၌ အချက်ပြမှု အမှားအယွင်း ဖြစ်ရာက တစ်ဆင့် ဖြစ် ပွားခဲ့ရခြင်း ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ ယခင် ဇူလိုင်လက ဖြစ်ပွားခဲ့မှုတွင်လည်း အချက်ပြမှု မှားယွင်းရာမှ တစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်ကာ ထိုစဉ် က လူပေါင်း ၄၀ သေဆုံးခဲ့ရသည်။ ယခု ဖြစ်ပွားခဲ့ရသည့် ရထားတိုက်မှုတွင်မှု သေဆုံးမှု မရှိခဲ့သော်လည်း တရုတ် နိုင်ငံရှိ ဝက်ဆိုက်များတွင် တင်ထား သည့် မျက်မြင် သက် သေများ၏ ဓါတ်ပုံများတွင်မူ သွေးများပေကျံနေသည့် ခရီးသည်များ၏ ဓါတ်ပုံများကို မြင်တွေ့ခဲ့ရကြောင်း CNA သတင်း ဌာန မှ ပြောကြားခဲ့သည်။ တရုတ် ကျန်းမာရေး ဌာန တာဝန်ရှိသူများ၏ အပြော အရ  လူပေါင်း ၂၇၁ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့လိုက်ရေ ကြာင်း နှင့် ယင်းတို့အထဲမှ ၆၁ ဦးသာ ဆေးရုံတွင် ဆက်လက် ကုသခံနေရဆဲ ဖြစ်ကာ လူ၃၀ ဦးမှာ စောင့်ကြည့် နေဆဲ အခြေအနေတွင် ရှိနေကြောင်း အင်္ဂါနေ့ ညနေ အချိန်အထိ သတင်းအရ သိရသည်။

ရထား ကုမ္ပဏီမှ ပြောရာ၌ ယခု ဖြစ်ရပ်အတွက် ခရီးသည် ၅၀၀ ကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ရကြောင်း နှင့် နိုင်ငံခြားသား လေးဦးလည်း ယင်းခ ရီး သည်များထဲတွင် ပါဝင်ကြောင်း သိရသည်။ အဆိုပါ လေးဦးမှာ ဖိလစ်ပိုင် တစ်ဦး ၊ ဂျပန် နှစ်ဦး ၊ ကနေဒါ နိုင်ငံသား တစ်ဦးတို့မှာ အသေးစား ထိခိုက် မှုများကို ခံစားခဲ့ရကြောင်း သိရသည်။ တရုတ် နိုင်ငံမှာ မြို့ပြမြေအောက်မီးရထားကွန်ရက် အတွက် ငွေကြေး အမြောက်အများ အကုန်အကျခံပြီး မြုပ်နှံထာြး ခင်း ဖြစ်ကာ နိုင်ငံရှိ အဓိက မြို့တော် နှစ်ဒါဇင်ခန့်မှာ မြေအောက်ရထား ပြေးဆွဲ ခွင့်ရရန် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က စတင်ပြီး ခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လာမည့် ၂၀၁၆ ခုနှစ် အမီ ရထားလမ်းပိုင်းပေါင်း ၈၉ ခု အတွက် ကုန်ကျငွေ ဒေါ်လာ ၁၃၄ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားခြဲ့ ခင်း ဖြစ်သည်။ ယခုလို ဖြစ်ရပ်ကြောင့် တရုတ် နိုင်ငံ၏ မြေအောက် ရထားလမ်း ကွန်ရက်ကို ပြန်လည် စစ်ဆေးရန် အတွက် အချို့သော ပြေးဆွဲမှုများကို ရပ်တန့်ထားဦးမည် ဖြစ်ကြောင်းလည်း အော်ပရေတာများမှ ပြောကြားခဲ့သည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text