ဗဟုသုတရဖွယ် မှတ်တမ်းကားများကို ထုတ်လွင့် တင်ဆက်လေ့ရှိသည့် ရုပ်/သံဌာန ဖြစ်သော National Geographic Channel ၏ ထုတ်လွှင့်ပြသမည့် “How Hard Can It Be?” အစီအစဉ်အတွက် အင်ဂျင်နီယာများသည် လေထဲတွင် ပျံဝဲနေနိုင်သော အိမ်တစ်လုံး တည်ဆောက်ကြရာ မိုးလေဝသ ပူပေါင်း အလုံး ၃၀၀ ခန့် အသုံးပြုထားပြီး လေထုထဲတွင် ၁ နာရီထက်မနည်း လွင့်ပျံနေနိုင်သော အိမ်ကို မြင်တွေ့ရသည်။
ဒစ်စနေး၏ စိတ်ကူးယဉ် ကာတွန်းဇတ်လမ်းများထဲက အိမ်ကဲ့သို့ လေထဲတွင် ပျံဝဲနေနိုင်သော အဆိုပါအိမ်ကို ကယ်လီဖိုးနီယား ပြည်နယ် သဲကန္တရ အလယ်တွင် မီတာ ၃၅၀၀ အမြင့်အထိ လွှတ်တင်နိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မိုးပျံပူပေါင်းများဖြင့် လွင့်တင်နိုင်သော ပစ္စည်းအဖြစ် ကမ္ဘာ့မှတ်တမ်း ဝင်မည်ဟု သိရသည်။










No comments:
Post a Comment