စက်တင်ဘာလ ၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ ဗဟို ဌာန ပြန်လည် တည်ဆောက်ရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို ပြုလုပ်ခဲ့ရာ ယင်း၌ အနာဂတ် အတွက် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံ ဗဟိုဌာန ဒီဇိုင်းများကို ပြသ ခဲ့ကြောင်း သိရသည်။ နယူးယောက်မြို့ မန်ဟတ္တန်ရှိ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံ နေရာတွင် မိုးမြင့် အဆောက်အအုံသစ်များ အပြင် ၉/၁၁ တိုက်ခိုက်ခံရမှု အထိမ်းအမှတ် တစ်ရပ်ကိုလည်း တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment