Saturday, October 1, 2011

ကမ္ဘာ မြေပေါ်ရှိ ရွှေနှင့် ပလက်တီနမ် တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၄ ဘီလျံ က ဥက္ကာခဲ တစ်ခဲ ကမ္ဘာမြေသို့ ကျရောက်ခြင်း နှင့် အတူ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည် ဟု ဆို


ကမ္ဘာ မြေပေါ်ရှိ ရွှေနှင့် ပလက်တီနမ် အားလုံးသည် ပြင်ပကမ္ဘာမှ လာပြီး ဧရာမ ဥက္ကာခဲကြီး တစ်ခဲ ကမ္ဘာမြေသို့ ကျရောက်ရာမှ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာခြင်း ဖြစ်သည် ဟု ဆိုသည်။ အဆိုပါ အဖြစ်အပျက်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၄ ဘီလျံကျော်က ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည် ဟု သိပ္ပံပညာရှင်များက စက်တင်ဘာလ၇ ရက်နေ့တွင် ထုတ်ဖော် ကြေညာ ခဲ့သည်။
သုတေသန ပညာရှင်များက ကမ္ဘာမြေကြီး ၏ အလယ်ဗဟို ဌာပနာနှင့် အောက်ခံ ကျောက်သားလွှာတို့ ၌လည်း တန်ဖိုး မဖြတ်နိုင်သော အဆိုပါ သတ္တုများ ၄ မီတာ (၁၃ပေ) အထူခန့် ရှိမည်ဟုလည်း ဖော်ထုတ် ခဲ့သည်။ ကမ္ဘာကြီး ဖွဲ့စည်း ဖြစ်ပေါ်စဉ် အတွင်း ရွှေသား အနှစ်ပေါင်း များစွာ ဖြစ်ပေါ် ခဲ့ပြီးနောက် ကမ္ဘာမြေကြီး၏ အလယ်ဗဟို ဆီသို့ အရည်ပျော် ကျဆင်းခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text