Monday, December 5, 2011

မြန်မာနိုင်ငံတွင် Online Visa စနစ် မကြာမီ အသုံးပြုတော့မည်

 မြန်မာနိုင်ငံသို့ လာရောက်လိုသော နိုင်ငံခြားခရီးသွားများအတွက် Online Visa စနစ် မကြာမီ အသုံးပြုတော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။''မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားခရီးသွားတွေအတွက် Online Visa စနစ် အကောင်အထည်ဖော်နေပါတယ်။ လာမယ့် တစ်လခွဲ၊ နှစ်လအတွင်းမှာဖြစ်လာမယ်လို့ ထင်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာန၊ လ၀က၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နဲ့ ညှိ နှိုင်းပြီး ဆောင်ရွက်သွာမှာပါ'' ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားပါသည်။
အဆိုပါ ပြောကြားချက်များမှာ The Myanmar Marketing Committe မှကြီးမှူးကျင်းပသော The Annual Golf Tournament ဆုပေးပွဲနှင့် ညစာစားပွဲတွင် ဂုဏ်ပြုအမှာစကား ပြောကြားမှုများတွင် ပါဝင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးအခြေ အနေများကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ယခု Online Visa ၀န်ဆောင်မှုပေးအပ်ရန် ပြင်ဆင်ခြင်းသည် မြန်မာနိုင်ငံသို့လာရောက်သော ခရီးသွားများအဆင်ပြေစေရန်နှင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုပါသည်။
မြန်မာနိုင်ငံသို့ လာရောက်လိုသော နိုင်ငံခြားခရီးသွားများအနေဖြင့် လျှောက်ထားနိုင်သည့် ဗီဇာအမျိုးအစားများမှာ Tourist Visa၊ Business Visa၊ Entry Visa (Diplomats & Official)၊ Business Multiple Journey Entry Visa၊ Social & Meditation Visa၊ On Arrival Visa တို့ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text