Monday, December 5, 2011

ရေရေရာရာမရှိ ဦးတည်ချက်မဲ့ အွန်လိုင်းပေါ် အချိန်ကုန်နေကြသူများ


အမေရိကန်တွေ တော်တော်များများဟာ အရင်နှစ်တွေကထက် အခုနှစ်မှာ သူတို့ရဲ့ အားလပ်တဲ့အချိန်တွေကို အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်နေကြတယ်လို့ သုတေသနလုပ်သူတစ်ဦးက CNN မှာ ဖော်ပြပါတယ်။
အမေရိကန် လူဦးရေရဲ့ ၅၃ ရာခိုင်းနှုန်းလောက်သော လူငယ်နဲ့ လူလတ်ပိုင်းတွေ ( အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြားအရွယ်တွေ ) ဟာ ဘာမှ ရေရေရာရာ ရည်ရွယ်ချက်မရှိဘဲ အပျော်သဘောအနေနဲ့ အွန်လိုင်းပေါ်မှာ နေ့စဉ် အချိန်ကုန်ကြတယ်လို့ ဆိုပါတယ်။
အသက် ၁၈ နှစ် ၀န်းကျင် လူငယ်ပေါင်း ၂၆ သန်းလောက်ဟာ တစ်နေ့တစ်နေ့ မိုဘိုင်းဖုန်း ကိုင်ပြီး ဂဏာမငြိမ် အလုပ်ရှုပ်နေကြတယ်လို့လည်း ပြောပါတယ်။
အင်တာနက်ကိုတော့ လူအများအသုံးပြုလာကြပါရဲ့၊ ဒါပေမဲ့ အကျိုးရှိတဲ့လုပ်ငန်းတွေအတွက် အသုံးပြုဖို့ထက် အပျော်သဘောအနေနဲ့ အချိန်ဖြုန်း အသုံးပြုလာကြပါတယ်။ လူငယ်တွေ အများဆုံး အသုံးပြုတဲ့ ဆိုဒ်တွေကတော့ social networking နဲ့ video ဆိုဒ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် ၀က်ဆိုက်တွေကလည်း သူတို့အတွက် ဖျော်ဖြေပေးမူတွေ ပိုပေးလာပါတယ်။ အားလပ်ချိန် ရုံးပိတ်ရက် ကျောင်းပိတ်ရက်မှာ တစ်နေရာရာကိုသွားပြီး အပန်းဖြေမူတွေလုပ်တာထက် အခုအခါမှာ အွန်လိုင်းပေါ်မှာပဲပျော်ရွင်မူကို ရှာဖွေပြီး အချိန်ကုန်ခံလာမှုက တစ်နေ့ထက် တစ်နေ့ ပိုပိုများလာနေပါတယ်။
အဲဒီ သုတေသနလုပ်သူက အမေရိကန်နိုင်ငံကိုပဲ သုတေသနလုပ်ထားပေမဲ့၊ အခြားကမ္ဘာ့ တိုင်းပြည်တွေကို ကြည့်ရင်လည်း၊ လူငယ်တွေက အင်တာနက်ကို အကျိုးရှိရှိ အသုံးချမူထက် အပျော်သဘောနဲ့ အသုံးပြုတာက ပိုများလာနေတယ်လို့ ပြောပါတယ်။
လူငယ်နဲ့ လူလတ်တွေတွက် လူမူရေး ကျန်းမာရေး ဥာဏ်ပညာဖွံဖြိုးမူ ကိုယ်ကာယဖွံ့ဖြိုးမူတွေအတွက် ကစားကွင်းဟာ အရေးကြီးတဲ့ နေရာတစ်ခုပါ။ သူတို့ရဲ့ အားလပ်ချိန်တွေကို အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်ကြမယ်၊ အသုံးချနေမယ်ဆိုရင် ဖွံ့ဖြိုးမူပိုင်းနဲ့ ကျန်းမာရေးပိုင်းမှာ အားနည်းလာနိုင်တယ်လို့ ဆိုပါတယ်။
မိဘတွေအနေနဲ့ သူတို့ကလေးတွေကို ပြောဖို့ကတော့ အွန်လိုင်းဆိုတာ၊ အင်တာနက်ဆိုတာ ကလေးတွေအတွက် ကစားကွင်း မဟုတ်ဘူးဆိုတဲ့အကြောင်းပါပဲတဲ့။

No comments:

Post a Comment

 

Sample text

Sample Text

Sample Text