နည်းပညာချဲ့ထွင်ပြီး အဘက်ဘက် က ကြိုးစား တီထွင်နေကြတဲ့ သိပ္ပံပညာရှင်၊ IT ပညာရှင်များရဲ့ ဦးနှောက်ကို အထူးလေး စားဂုဏ်ယူရမှာဖြစ်ပါတယ်။ တစ်ချိန်မှာ လက်တွေ့သုံးနိုင်အောင် ကြံဆ တီထွင်နေတဲ့ မျက်ကပ်မှန်Display တစ်ခုအကြောင်း မန္တလေးအလင်းပရိ သတ် ကြီးကိုတင်ပြရရင် ကိုယ်ပိုင်ဆိုင် ထားတဲ့ Mobile Phone, Tablet, Laptop နဲ့ GPS စတဲ့ Gadget တွေနဲ့သုံးဖို့ ပြင်ပ Display ကိုမျက်ကပ်မှန်အရွယ်လောက်ဖြစ် အောင် လုပ်ဆောင် နေပါသတဲ့။
လမ်းလျှောက်နေရင်း၊ ကားစီးရင်း ဖုန်းသုံးမယ်၊ E-mail ကြည့်ချင်တဲ့ခါ အသုံး တည့်သွားမယ်လို့ ပြောပါတယ်။ မြေပုံကြည့် ပြီးသွားရမယ့်ခရီးကို မျက်ကပ်မှန် E-mail ကတစ်ဆင့် ကြည့်နိုင်ပါတော့မယ်လို့ ဆိုပါတယ်။ ထောက်လှမ်းရေး ကိစ္စ၊ လျှို့ဝှက်ကိစ္စတွေမှာ အသုံးပြု နိုင်မှာပါ။
အဆိုပါ မျက်ကပ်မှန်E-mail ကို ဝါရှင်တန်တက္ကသိုလ်ပါမောက္ခ Babak Pariz ဦးဆောင်တဲ့သုတေသနအဖွဲ့ကလုပ် ဆောင် ရာမှာ အောင်မြင် နေပြီဖြစ်ပါသတဲ့။
အခက်ခဲဆုံးကတော့ မျက်စိမှာတပ် ဆင်နိုင်ဖို့နဲ့၊ အလင်းရောင်ယူဖို့ ဆားကစ်ပတ် လမ်းတွေပြုလုပ်ရာမှာ အနုစိတ်လုပ်ဆောင် ကြရတယ်လို့ ပြောပါတယ်။ တစ်ချိန်မှာ အလှမ်းမဝေးဘဲ ထောက်လှမ်းရေးလုပ်နိုင် တော့မှာပေါ့။

No comments:
Post a Comment