၁၅ မိနစ် အားပြည့်ခြင်းဖြင့် သီတင်းပတ် တစ်ပတ်ကျော် အသုံး ပြုနိုင်သည့် ဆဲလ်ဖုန်းဘက်ထရီ တစ်မျိုးကို ဖန်တီးခဲ့ကြောင်း သိရှိရသည်။ အနောက်မြောက်ပိုင်း တက္ကသိုလ်မှ သိပ္ပံပညာရှင်များ လစ်အီယမ် အိုင်းယွန်း ဘက်ထရီ၌ အသုံးပြုမည့် အီလက်ထရုတ်စ်တစ်မျိုးကို တီထွင်ဆန်းသစ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိနည်းပညာဖြင့် ဖန်တီးသည့် ဘက်ထရီများထက် အဆပေါင်း ၁၀ ဆ ပိုမို အားကောင်းသည့် နည်းလမ်းကို ရှာဖွေ တွေ့ရှိ ခဲ့သည်ဟု ဆိုသည်။ ယခုနည်းပညာသစ်များဖြင့် စမ်းသပ်ထုတ်လုပ်သည့် ဘက်ထရီ များသည် လက်ရှိဘက်ထရီများထက် ဘက်ထရီစွမ်းအား ပြန်လည်ဖြည့်ဆည်း ရာ၌လည်း ၁၀ ဆ ပိုမိုမြန်ဆန်ကြောင်း တွေ့ရသည်။
စွမ်းအင်အသုံးပြုနိုင်ခြင်းနှင့် ပြန်လည်အားဖြည့်နိုင်စွမ်း ၂ မျိုး၌ အကန့်အသတ်များ ရှိနေခြင်းကို ဖြေရှင်းရန် ဓာတုအင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ သုတေသနလုပ် ငန်းကို လုပ်ကိုင်ခဲ့ခြင်းကြောင့် ယခု ကဲ့သို့ တင်ပြနိုင်ခြင်းဖြစ်သည်။ ဆဲလ်ဖုန်းများ၊ iPod တို့၌အသုံးပြု မည့် ဘက်ထရီများအတွက် ပိုမို အားကောင်းသည့် ဘက်ထရီများ ထုတ်လုပ်ရန်နှင့် လျှပ်စစ်ကားများ အတွက် ပိုမိုသေးငယ်သည့် ဘက် ထရီများထုတ်လုပ်ရန် အသုံးဝင် မည်ဟု ဆိုသည်။ လာမည့် ၃ နှစ် ခန့်၌ ဈေးကွက်ဝင်ဘက်ထရီများ အဖြစ် ထွက်ပေါ်လာမည်ဖြစ် ကြောင်း သုတေသီများက ပြော ကြားခဲ့သည်။

No comments:
Post a Comment